ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ(၁) ရက်နေ့နောက်ပိုင်းကနေ စတင်ပြီး ဒီမိုကရေစီ လိုလားတဲ့ ပြည်သူများကတော့ ယခုအချိန်ထိ ဖမ်းဆီးမှုတွေ ကြားကနေ လူထုလှုပ်ရှားမှုတွေ တက်ကြွစွာ လုပ်ဆောင် နေကြတာ တွေ့ရပါတယ်။ ဒီလိုလှုပ်ရှားမှု ကာလအတောအတွင်းမှာ လည်း ဘဝနဲ့ရင်းပြီး ပေးဆပ် လိုက်တဲ့ ပြည်သူများစွာ ရှိလာခဲ့ပါတယ်။ ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံ ရသူတွေနဲ့ ကျဆုံးသွားတဲ့ သူတွေအတွက်လည်း ပြည်သူတွေ ကတော့ နေ့စဉ်ဆုတောင်းပေးနေခဲ့တာပါ။

ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေတဲ့ အနုပညာရှင်တွေ ကလည်း တတ်နိုင်တဲ့ ဘက်ကနေ စိတ်အားထက်သန်စွာ ပါဝင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ” ဆိတ်သုဉ်း နေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ “ဆိုတဲ့ Camping မှာ အနုပညာရှင် တချို့ ပါဝင်လာခဲ့တာတွေ့ရပါတယ်။

ယင်းအနုပညာရှင်တွေဟာ ပြည်သူ့ပရိသတ်တွေ ရဲ့ အချစ်တွေ ကိုပိုမိုရရှိပြီး လေးစားအားကျရတဲ့ သူတွေပါ။ သူတို့ကတော့ ချစ်သုဝေ ၊ ပိုင်ဖြိုးသု ၊ မင်းမော်ကွန်း ၊ ဒါရိုက်တာ ကိုပေါက် ၊ ဒါရိုက်တာ သည်ခေတ်နေ နှင့် အဆိုတော် နီတာ အပြင် အခြားအနုပညာများလည်း ပါဝင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ” ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ “ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ဒီ Camping မှာ ပြည်သူတွေ အားလုံး ပူးပေါင်းပါ၀င်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားခဲ့ ပါသေးတယ်။

Source – D – Day Channel

ZAWGYI

ပရိသတ္ႀကီးေရ ေဖေဖာ္ဝါရီလ(၁) ရက္ေန႔ေနာက္ပိုင္းကေန စတင္ၿပီး ဒီမိုကေရစီ လိုလားတဲ့ ျပည္သူမ်ားကေတာ့ ယခုအခ်ိန္ထိ ဖမ္းဆီးမႈေတြ ၾကားကေန လူထုလႈပ္ရွားမႈေတြ တက္ႂကြစြာ လုပ္ေဆာင္ ေနၾကတာ ေတြ႕ရပါတယ္။ ဒီလိုလႈပ္ရွားမႈ ကာလအေတာအတြင္းမွာ လည္း ဘဝနဲ႔ရင္းၿပီး ေပးဆပ္ လိုက္တဲ့ ျပည္သူမ်ားစြာ ရွိလာခဲ့ပါတယ္။ ယခုအခ်ိန္ထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံ ရသူေတြနဲ႔ က်ဆုံးသြားတဲ့ သူေတြအတြက္လည္း ျပည္သူေတြ ကေတာ့ ေန႔စဥ္ဆုေတာင္းေပးေနခဲ့တာပါ။

ျပည္သူေတြနဲ႔အတူ တစ္သားတည္းရွိေနတဲ့ အႏုပညာရွင္ေတြ ကလည္း တတ္နိုင္တဲ့ ဘက္ကေန စိတ္အားထက္သန္စြာ ပါဝင္ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ယခုမွာဆိုရင္လည္း ဒီဇင္ဘာ (၁၀) ရက္ေန႔မွာ က်ေရာက္မယ့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ ” ဆိတ္သုဥ္း ေနတဲ့ လူ႔အခြင့္အေရး ေတာ္လွန္ေရးနဲ႔ သိမ္းပိုက္ၾက “ဆိုတဲ့ Camping မွာ အႏုပညာရွင္ တခ်ိဳ႕ ပါဝင္လာခဲ့တာေတြ႕ရပါတယ္။

ယင္းအႏုပညာရွင္ေတြဟာ ျပည္သူ႔ပရိသတ္ေတြ ရဲ့ အခ်စ္ေတြ ကိုပိုမိုရရွိၿပီး ေလးစားအားက်ရတဲ့ သူေတြပါ။ သူတို႔ကေတာ့ ခ်စ္သုေဝ ၊ ပိုင္ၿဖိဳးသု ၊ မင္းေမာ္ကြန္း ၊ ဒါရိုက္တာ ကိုေပါက္ ၊ ဒါရိုက္တာ သည္ေခတ္ေန ႏွင့္ အဆိုေတာ္ နီတာ အျပင္ အျခားအႏုပညာမ်ားလည္း ပါဝင္ထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ” ဆိတ္သုဥ္းေနတဲ့ လူ႔အခြင့္အေရး ေတာ္လွန္ေရးနဲ႔ သိမ္းပိုက္ၾက “ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အတူ ဒီ Camping မွာ ျပည္သူေတြ အားလုံး ပူးေပါင္းပါ၀င္ေပးၾကဖို႔ တိုက္တြန္းႏွိုးေဆာ္ထားခဲ့ ပါေသးတယ္။

Source – D – Day Channel