ပရိသတ်တွေ ရဲ့အချစ်တွေနဲ့ တစ်ခဲနက်အားပေး ဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကေော် Catwalk king တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကလည်း အပါအဝင်ပါပဲ..။Sinon ကတော့ ပွင့်လင်းရိုးသား ချစ်စရာကောင်းတဲ့ပုံစံလေးတွေအပြင် အလှူအတန်းတွေမှာလည်း ရက်ရောလွန်းပြီး မွန်မြတ် တဲ့စိတ်ထားစေတနာကောင်းတွေကြောင့်လည်း မြန်မာပရိသတ်တွေက လေးစားချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်..။

သူ့ရဲ့အနုပညာလှုပ်ရှားမှုလေး တွေအပြင် အလှူပုံရိပ်လေးတွေကိုလည်း အမြဲဝေမျှ တတ်တဲ့ Sinon တစ်ယောက် အခုတစ်ခါမှာလည်း သူကိုယ်တိုင်အားပေးချစ်ခင်နေရတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ချောလေး ဝတ်မှုံရွှေရည်နဧ့ တွေ့ဆုံခဲ့ရလို့ ပျော်ရွှင်နေပါတယ်နော်..။အားပေးချစ်ခင် နေရတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေး ရွှေကစ်နဲ့ တွေ့ဆုံခဲ့ရလို့အရမ်းတွေ အံ့သြပျော်ရွှင်ကာ အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ကူးခဲ့ပြီး သူ့ရဲ့အပျော်လေးတွေကိုလည်း ပရိသတ်တွေကို Sinon က ဝေမျှထားပါသေးတယ်..။

“It’s Amazing Feelings when you met one of the most inspiring actress in myanmar 🤩 🤩 🇲🇲
Ayan Chit Tal ‘’ Wutt Hmone Shwe Yi ‘’ ♥️..” ဆိုပြီး Sinon က အမှတ်တရလေးတွေကို ဝေမျှထားတာဖြစ်ပါတယ်..။
ချစ်ားကောင်း လွန်းကြလို့ အားလုံးကအချစ်ပိုသဘောကျ ကြရတဲ့ ဆယ်လီနှစ်ယောက် တဲ့ ရွှေကစ်လးနဲ့ Sinon တို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်ဝေမျှပေးလိုက်တာမို့ သဘောကျနေကြမယ်လို့မျှော်လင့်ပါတယ်နော်..။

သတင်းအရင်းမြစ်: Sinon Loresca’s Fb Acc

unicode