မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဗဟို ဥက္ကဌ အဖြစ် သရုပ်ဆောင် မင်းသား ခန့်စည်သူ က တာဝန်ယူ ဆောက်ရွက်မယ့် အကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ဇွန်လ (၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ ပါတယ်..။သရုပ်ဆောင် ခန့်စည်သူ ကို မြန်မာနိုင်ငံ ရဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးတဲ့ အချိန် မှာတော့ အနုပညာရှင် အချို့ဟာ အစည်းအရုံးဝင် အဖြစ် မှ အသီးသီး နှုတ်ထွက်ခဲ့ ကြတာ တွေ့ရ ပါတယ်..။

ပြီးခဲ့တဲ့ လပိုင်းလောက် က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက် ပြီးနောက်ပိုင်း ဥက္ကဋ္ဌ နေရာမှာ လစ်လပ်နေခဲ့တာ ဖြစ်ပြီး အဆိုပါ ဥက္ကဋ္ဌ နေရာမှာတော့ ခန့်စည်သူက တာဝန် ယူထမ်းဆောင် မှာ ဖြစ်ပါတယ်..။ရုပ်ရှင် အစည်းအရုံးအဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ပြီး သရုပ်ဆောင် ခန့်စည်သူကို အခုလို ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန်ထားပါတယ်..။

အဆိုပါ သတင်း ထုတ်ပြန်ပြီးတဲ့ နောက်မှာ အနုပညာရှင် အချို့ဟာ ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက်ကြောင်း သူတို့ ရဲ့လူမှု့ ကွန်ရက်စာမျက်နှာ ကနေ ထုတ်ဖော် ပြောကြားလာပါတယ် ။သရုပ်ဆောင်တွေ အပြင် ဒါရိုက်တာတွေ နဲ့ အခြားသော အနုပညာရှင်တွေက အသီးသီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်..။ပရိတ်သတ်ကြီးလည်း ဘယ်အနုပညာရှင်ကို အားပေးမလဲ ဖြေခဲ့ပေးကြအုံးနော်…..။ ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီကို လည်းကျေးဇူးအထူး တင်ရှိပါတယ်နော်…။

crd……

ZAWGYI




crd……