သရုပ်ဆောင် သဇင်ထူးမြင့် ကတော့ တတ်သစ်စ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှု့ ကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီး ချောလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြည်သူချစ် အနုပညာရှင် ဖြစ်တဲ့ လူရွှင်တော် ဦးခင်လှိုင် ရဲ့ သမီး အငယ်ဆုံးလေး ဖြစ်တဲ့ သူမ ကတော့ အနုပညာပိုး အပြည့်ပါပြီး အနုပညာ အလုပ်တွေ ကိုလည်း ကြိုးစားလုပ်ကိုင် လျက်ရှိနေ ပါတယ်။

ချိုသာ လွန်းပြီး ချစ်စရာ ကောင်းတဲ့ စကားပြောဟန် လေးတွေ နဲ့ အသည်းယားစရာ ကောင်းတဲ့ ပုံစံလေး တွေကြောင့် ပရိသတ် တွေ အချစ်ပို ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင် လည်းမမှား ပါဘူးနော် ။ သဇင်ထူးမြင့် တို့ သားအ ဖ သုံးယောက်လုံး ကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ တွေမှာ ပြည်သူတွေ နဲ့ အတူ ရပ်တည်ကာ လှုပ်ရှားမှု့ တွေမှာ ပါဝင်ခဲ့ တာကြောင့် ခြိမ်းခြောက်ခံရမှု့ တွေရှိနေပြီး ထွက်ပြေး တိမ်ရှောင်နေရ တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် လူမှုကွန်ယက် စာမျက်နှာ ထက်မှာတော့ ပြည်သူတွေ နဲ့ တစ်သားတည်း ရှိနေကြောင်း အမြဲဖော်ပြ လျက်ရှိပါတယ်။ ဒီနေ့ မှာတော့ သားအဖသုံးယောက်လုံး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အဖွဲ့ဝင် မှ နှုတ်ထွက် ကြောင်းကို အသိပေး ပြောကြား လာပါတယ်။ ပရိသတ်ကြီးလည်း ဒီသတင်းလေးကို သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ဖတ်ရှု့ပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လည်း ကျေးဇူးအထူးတင် ရှိပါတယ်..။

Yuan – Cele Zone
Photo – Thazin Htoo Myint

ZAWGYI




Yuan – Cele Zone