ပရိတ်သတ်ကြီးရေ ရုပ်ရှင် ဇာတ်ကား ကောင်းတွေကို တော်တော် များများ ရိုက်ကူးထား တဲ့ ဒါရိုက်တာ သည်ခေတ်နေ ကတော့ ဖေဖော်ဝါရီလ ကတည်းက တော်လှန်ရေး အရေးတော်ပုံ ကြီးမှာ အားကြိုး မာန်တက် ပါဝင်နေသူပဲ ဖြစ်ပါတယ်..။အမှန်တရား ဘက်ကနေ ရပ်တည်ပြီး အာဏာရှင် ကို ရဲဝင့်စွာ ဆန့်ကျင်ခဲ့တာကြောင့် ( ၅၀၅ ) က ဖြင့် အမှုဖွင့် အရေးယူ ခံထားရတဲ့ အနုပညာရှင် တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေ လည်း ပါဝင်နေပါတယ်.။သည်ခေတ်နေ ကတော့ ရှောင်တိမ်း နေရတဲ့ လတ်တလော အခြေအနေ တွေမှာ တတ်နိုင်တဲ့ ဘက်ကနေ အမှန်တရား အတွက် ပါဝင်ကာ စကစ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးရဲ့အတွင်းသတင်း တွေကို ပြည်သူ ပရိသတ်တွေသိအောင် ထုတ်ဖော် ပြောပြလာ ပါတယ်..။

ရုပ်ရှင် အစည်းအရုံး ကနေ နှုတ်ထွက် ကြတဲ့ အနုပညာရှင်တွေ ရဲ့ နာမည်စာရင်း အတိအကျကို ဆိုင်းဘုတ်ကြီး နဲ့ ကပ် ထားကာ နှုတ်ထွက် ကြတဲ့ အနုပညာရှင်တွေအပေါ် အစည်း အရုံးက boycott ပြန်လုပ်တဲ့ အကြောင်းတွေ ကို ပြောပြထားတာ ဖြစ်ပါတယ်..။”မနော နဲ့ မြင်နေရ တယ်နော် 😜ရုပ်ရှင် အစည်းအရုံးက နေ နှုတ်ထွက်သူ စာရင်း နာမည် အတိအကျကို ဆိုင်းဘုတ်ကြီး နဲ့ ကပ်ထားတဲ့ အကြောင်း။ကိုယ်တွေကို အစည်းအရုံးက boycott ပြန်လုပ်တယ်ပေါ့🤨 (ရယ်ရတယ် သီဟရယ်🤣🤣) (လုပ်လည်း အစ တည်းက စောက်ဂရု လုံးဝမစိုက်)စကစ လက်အောက်ခံ ခင်ဗျားတို့ ရုပ် / စည်းထဲမှာ ဘာတွေ ထပ်ဖြစ်လာဦးမ လဲဆိုတာလည်း ကြိုမြင် နေတာတစ်ခု ရှိတယ်။ဘယ်သူ ဘာ ဆိုတာ အကုန်လုံးလည်း မြင်ရ တော့မှာပါ။

ရုပ်ရှင်လိုပဲ ပြောရရင် မကြာမီ မျှော်ပေါ့ဗျာ ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ပရိသတ် တွေ နဲ့ ပြည်သူတွေက လည်း စစ်ကောင်စီ ရဲ့ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံး နဲ့ ပတ်သက်ပြီး ဝေဖန် ရှုံ့ချထား ကြသလို အမှန်တရား ဘက်ကနေ မားမား မတ်မတ် ရပ်တည်နေ သူတွေကို လည်း အားပေးထားကြတာ တွေ့ရပါတယ်။

SOURCE : The Khit Nay’s Fb Acc

ZAWGYI



