ပရိသတ္ႀကီး ေရ Miss Grand Myanmar 2020 winner ဆုရွင္ အလွမယ္ ဟန္ေလးက လက္ရွိ ျဖစ္ေပၚ ေနတဲ့ ျမန္မာနိုင္ငံ က အ ေၾကာင္း အ ရာ ေတြ ကို ကမၻာတစ္ဝန္း က ၾကည့္ရႈသူ သန္းနဲ႔ ခ်ီတဲ့ လူထုထံ ခ်ျပနိုင္ခဲ့ သူတစ္ေယာက္ပါ။ ကိုယ္က်ိဳး ကို မငဲ့ပဲ ျမန္မာနိုင္ငံ အတြင္း ျဖစ္ ေပၚ ေနတာ ေတြ ကို အမ်ား သိဖို႔အတြက္ Miss Grand International စင္ျမင့္ ထက္မွာ ရဲဝံ့စြာ ေျပာျပခဲ့ သူတစ္ေယာက္ပါ။အခုလို သတင္းဌာနေတြ ပိတ္ထား တဲ့ အခ်ိန္မွာ လည္း ဟန္ေလးက နိုင္ငံတကာကို ေန႔စဥ္ သတင္း မေရာက္ နိုင္မွာ စိတ္ပူေန ၾကတဲ့ ျပည္သူ ေတြ အ တြက္ ျမန္မာနိုင္ငံအတြင္း ေန႔စဥ္ ျဖစ္ပ်က္ေန တာေတြကို ထိုင္း Media ကေနတဆင့္ သိခြင့္ ရေအာင္ ျပန္လည္ မၽွေဝသူပါ။

ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔ တုန္းက ထိုင္းနိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အလွမယ္ ေရြးခ်ယ္ပြဲ ေနာက္ဆုံး ဖိုင္နယ္မွာ ဆန္ခါတင္ အ ေယာက္ ၂၀ စာရင္းအထိ ပါဝင္ခဲ့တဲ့ အလွမယ္ ဟန္ေလးဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာ သိမ္းမႈ ေနာက္ပိုင္း ဆႏၵျပပြဲ အေၿခ အေန ေတြကို ၿပိဳင္ပြဲ စင္ျမင့္ ထက္ မွာ ကမၻာသိေအာင္ ထုတ္ေဖာ္ ေျပာဆို ခဲ့ၿပီးတဲ့ ေနာက္ လူေျပာ မ်ားလာခဲ့သူ ျဖစ္ပါတယ္။ျမန္မာ စစ္တပ္ဟာ ျပည္သူေတြ အေပၚ အၾကမ္း ၊ ဖက္မႈ နဲ႔ အသုံးခ်ေန တာေတြ ကို ရပ္သင့္ တယ္လို႔ အလွမယ္ ဟန္ေလးက ေျပာဆို ခဲ့ၿပီး၊ အဲဒီ ေျပာခဲ့တဲ့ စကားေတြ ေၾကာင့္ သူျမန္မာျပည္ ကို ျပန္တဲ့အခါ သူကိုယ္တိုင္ နဲ႔ သူ႔ရဲ့ မိသားစု ျပစ္ဒဏ္ ေပးခဲ့ ရနိုင္ေခ် ရွိေနတယ္ လို႔ လည္း ဆိုၾက ပါတယ္။

ယေန႔မွာ ေတာ့ Miss Grand International Myanmar ဟန္ေလး (ခ) ေသာ္နႏၵာေအာင္ ကို ပုဒ္မ ၁၂၂ ၊ ၅၀၅ ခ ၊ ၃၃ တို႔နဲ႔ ဖမ္းဝရမ္း ထုတ္ ထားတယ္ လို႔သိရပါတယ္။ အလွမယ္ ဟန္ေလးကို ထိုင္းနိုင္ငံ ဘန္ေကာက္ သို႔ Miss Grand International ၿပိဳင္ပြဲဝင္ ရန္ ေစလႊတ္ေသာ သက္ ဆိုင္သူ ပတ္သက္သူ အားလုံးအား ထိေရာက္စြာ အေရးယူ ေဆာင္ရြက္မွာ ျဖစ္ၿပီး မိသားစုဝင္ မ်ားကိုလည္း ျပည္ပ ထြက္ခြာခြင့္ မျပဳ ေတာ့ဘူးလို႔ သိရပါတယ္။

သတင္းအရင္းျမစ္: Source & Photo credit – Han Lay’s Facebook Account

UNICODE

ပရိသတ်ကြီး ရေ Miss Grand Myanmar 2020 winner ဆုရှင် အလှမယ် ဟန်လေးက လက်ရှိ ဖြစ်ပေါ် နေတဲ့ မြန်မာနိုင်ငံ က အ ကြောင်း အ ရာ တွေ ကို ကမ္ဘာတစ်ဝန်း က ကြည့်ရှုသူ သန်းနဲ့ ချီတဲ့ လူထုထံ ချပြနိုင်ခဲ့ သူတစ်ယောက်ပါ။ ကိုယ်ကျိုး ကို မငဲ့ပဲ မြန်မာနိုင်ငံ အတွင်း ဖြစ် ပေါ် နေတာ တွေ ကို အများ သိဖို့အတွက် Miss Grand International စင်မြင့် ထက်မှာ ရဲဝံ့စွာ ပြောပြခဲ့ သူတစ်ယောက်ပါ။အခုလို သတင်းဌာနတွေ ပိတ်ထား တဲ့ အချိန်မှာ လည်း ဟန်လေးက နိုင်ငံတကာကို နေ့စဉ် သတင်း မရောက် နိုင်မှာ စိတ်ပူနေ ကြတဲ့ ပြည်သူ တွေ အ တွက် မြန်မာနိုင်ငံအတွင်း နေ့စဉ် ဖြစ်ပျက်နေ တာတွေကို ထိုင်း Media ကနေတဆင့် သိခွင့် ရအောင် ပြန်လည် မျှဝေသူပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ တုန်းက ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလှမယ် ရွေးချယ်ပွဲ နောက်ဆုံး ဖိုင်နယ်မှာ ဆန်ခါတင် အ ယောက် ၂၀ စာရင်းအထိ ပါဝင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းမှု နောက်ပိုင်း ဆန္ဒပြပွဲ အခြေ အနေ တွေကို ပြိုင်ပွဲ စင်မြင့် ထက် မှာ ကမ္ဘာသိအောင် ထုတ်ဖော် ပြောဆို ခဲ့ပြီးတဲ့ နောက် လူပြော များလာခဲ့သူ ဖြစ်ပါတယ်။မြန်မာ စစ်တပ်ဟာ ပြည်သူတွေ အပေါ် အကြမ်း ၊ ဖက်မှု နဲ့ အသုံးချနေ တာတွေ ကို ရပ်သင့် တယ်လို့ အလှမယ် ဟန်လေးက ပြောဆို ခဲ့ပြီး၊ အဲဒီ ပြောခဲ့တဲ့ စကားတွေ ကြောင့် သူမြန်မာပြည် ကို ပြန်တဲ့အခါ သူကိုယ်တိုင် နဲ့ သူ့ရဲ့ မိသားစု ပြစ်ဒဏ် ပေးခဲ့ ရနိုင်ချေ ရှိနေတယ် လို့ လည်း ဆိုကြ ပါတယ်။

ယနေ့မှာ တော့ Miss Grand International Myanmar ဟန်လေး (ခ) သော်နန္ဒာအောင် ကို ပုဒ်မ ၁၂၂ ၊ ၅၀၅ ခ ၊ ၃၃ တို့နဲ့ ဖမ်းဝရမ်း ထုတ် ထားတယ် လို့သိရပါတယ်။ အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ ဘန်ကောက် သို့ Miss Grand International ပြိုင်ပွဲဝင် ရန် စေလွှတ်သော သက် ဆိုင်သူ ပတ်သက်သူ အားလုံးအား ထိရောက်စွာ အရေးယူ ဆောင်ရွက်မှာ ဖြစ်ပြီး မိသားစုဝင် များကိုလည်း ပြည်ပ ထွက်ခွာခွင့် မပြု တော့ဘူးလို့ သိရပါတယ်။

သတင်းအရင်းမြစ်: Source & Photo credit – Han Lay’s Facebook Account