ပရိသတ်ကြီးရေ ရေကြည်ချမ်းမြ ကတော့ ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတ မင်းသားကြီးဖြစ်တဲ့ ဝေဠုကျော်ရဲ့ ဇနီးချောလေးပဲဖြစ်ပါတယ်…။ မနေ့က ဇွန်လ (၂၀) ရက်နေ့ကတော့ ဝေဠုကျော်ရဲ့ ဇနီးချောလေးဖြစ်တဲ့ ရေကြည်ချမ်းမြကတော့ ကင်ဆာရောဂါသည် ဖြစ်တဲ့ သဘင်သည် မနှင်းဆီထံသွားရောက်ခဲ့ပါတယ်…။
မနှင်းဆီကတော့ ကင်ဆာရောဂါ ကြောင့် ရင်သားတစ်ဖက်ဖြတ်ထားရပြီး ဝမ်းရေးအတွက် မြန်မာသံစဉ်သီချင်းနဲ့ ကပြဖျော်ဖြေကာ ဝမ်းရေးကိုဖြေရှင်းနေခဲ့တာပဲဖြစ်ပါတယ်…။ ရေကြည်ချမ်းမြကတော့ သူကိုယ်တိုင် လည်း အငြိမ့်သမ သဘင်သည်ဖြစ်တာကြောင့် မနှင်းဆီထံကို ခင်ပွန်းဖြစ်သူ ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းအဖွဲ့နဲ့အတူ သူကိုယ်ကိုယ်ကျ လိုက်သွားပြီး ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်…။
ရေကြည်ချမ်းမကတော့ မနှင်းဆီထံကို သွားရောက်ကူညီ ထောက်ပ့ံလှူဒါန်းဖြစ်ခဲ့တာလေးကို ဗီဒီယိုလေး ရိုက်ကူးကာမှတ်တမ်းတင်ထားခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်…။ ပရိသတ်ကြီးရေ မနှင်းဆီနဲ့ ရေကြည်ချမ်းမြ တို့ တွေ့ဆုံခဲ့တဲ့ ဗီဒီယိုလေး ကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်…။
Source – Yay Kyi Chan Mya
zaw gyi
Credit – CeleGabar
Source – Yay Kyi Chan Mya