


Chilli – CeleZone
Source – Supan Htwar

UNICODE

ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာကတော့ “မဟာသမယသုတ် မြန်မာအသံထွက် လက်ကမ်း စာအုပ်လေး” တွေကို လှူဒါန်း သွားမယ့် အကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ အခုလို လှူဒါန်းနိုင်ဖို့ ကို ပန်ပန် က (၇) လလောက်ကြိုးစား ခဲ့ရတာ ဖြစ်ပြီး အခုလှူဒါန်းခွင့်ရတော့မှာ မို့ ပီတိဖြစ်နေခဲ့ပါတယ်။

ဒီ “မဟာသမယသုတ် မြန်မာအသံထွက် လက်ကမ်းစာအုပ်လေး” လေးရ ရှိဖို့ကို တော့ ပန်ပန် ကိုယ်တိုင် မြန်မာအသံထွက်တွေ ကို စုစည်း ကူယူ ရေးသားခဲ့တာဖြစ်ပြီး ကလေး တစ်ဖက်နဲ့ ဖို့ (၆) ရက်လောက် ရေးသားခဲ့ ရတာပါတဲ့။စာအုပ်လေး ထုတ်ဖို့အတွက်ကို လည်း ပုံနှိပ်တိုက် ပေါင်းများစွာမှာလည်း အခက်အခဲပေါင်းများစွာ နဲ့ ကို ကြုံတွေခဲ့ရပြီး လှူချင် တာကို လှူခွင့် မရတဲ့အတွက် စိတ်ထဲ မွန်းကြပ်ပြီး ငိုခဲ့ ရတဲ့ အထိဖြစ်ခဲ့ ပါတယ်။သို့ပေမဲ့လည်း ပန်ပန် ကတော့ အားမလျော့ပဲ ပုံနှိပ်တိုက် တစ်ခုပြီး တ စ်ခု ဆက်သွယ် ခဲ့တာကြောင့် နောက်ဆုံး မှာ အခုလို လှူဒါန်း ခွင့်ရခဲ့ပါတယ်။

ပန်ပန် အတွက်တော့ ဒီ လက်ကမ်း”မဟာသမယသုတ် မြန်မာအသံထွက်” စာအုပ်လေး က ပိုက်ဆံ ဘယ်လောက် ကုန်ကျပါစေ ပေးပါမယ် ဆိုတာတောင် လှူဖို့အဆင်မပြေခဲ့ ၊ လှူခွင့် မရှိခဲ့တဲ့ အခိုက်အတန့်ကြုံ ခဲ့ရတာမို့ အခုလို လှူဒါန်း ခွင့်ရတာကို တော်တော်လေး ပီတိ ဖြစ်နေခဲ့တာပါ။ CeleZone ပရိသတ်ကြီးရေ ပန်ပန်က ဒီစာအုပ်လေးတွေ ကို တကယ် လိုချင်တဲ့ သူတွေအားလုံး အတွက် လှူဒါန်းပေးသွားမှာ ဖြစ်သလို သူရဲ့ Live Sale တွေမှာ ပစ္စည်းဝယ်သူ တိုင်းကိုလည်း လက်ဆောင် ပေးသွားမှာပါတဲ့။

Chilli – CeleZone
Source – Supan Htwar