ေရြးေကာက္ခံ အရပ္သား အစိုးရ ထံမွ တပ္မေတာ္ က အာဏာ သိမ္းယူခဲ့ၿပီး ေနာက္ ေပၚေပါက္ ေနတဲ့ ျမန္မာနိုင္ငံ ရဲ့ အက်ပ္အတည္း ကို ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ေဖေဖၚဝါရီ (၁၂) ရက္ေန႔မွာ အထူးအစည္း အေဝးတစ္ရပ္ ျပဳလုပ္ သြားမယ္လို႔ ကုလသမဂၢ က ယမန္ေန႔ (ေဖေဖၚဝါရီ ၈ ရက္) မွာ ထုတ္ျပန္ ပါတယ္။

ၿဗိတိန္ နဲ႔ ဥေရာပသမဂၢက ျမန္မာနိုင္ငံ အေရး လူ႔အခြင့္အေရး ေကာင္စီ အထူးအစည္းအေဝး ျပဳလုပ္ရန္ ယမန္ေန႔ အေစာပိုင္း မွာ ေတာင္းဆို ခဲ့ရာ အဖြဲ႕ဝင္ ၄၇ နိုင္ငံအနက္ ၁၉ နိုင္ငံက ေထာက္ခံ ခဲ့ပါတယ္။ ျမန္မာအေျခအေန နဲ႔ ပတ္သက္ၿပီး လူ႔အခြင့္အေရး ေကာင္စီ အထူး အစည္းအ‌ေဝးျပဳ လုပ္ရန္ ေထာက္ခံခဲ့တဲ့ နိုင္ငံအမ်ားစုဟာ အေနာက္အုပ္ မွ ျဖစ္ၿပီး ဂ်ပန္ နဲ႔ ေတာင္ကိုရီးယား ကလည္း ေထာက္ခံ ခဲ့ေၾကာင္း Reuters သတင္းက ေဖာ္ျပပါတယ္။

(Photo: Win Lwin/Duwun)

UNICODE

ရွေးကောက်ခံ အရပ်သား အစိုးရ ထံမှ တပ်မတော် က အာဏာ သိမ်းယူခဲ့ပြီး နောက် ပေါ်ပေါက် နေတဲ့ မြန်မာနိုင်ငံ ရဲ့ အကျပ်အတည်း ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ အထူးအစည်း အဝေးတစ်ရပ် ပြုလုပ် သွားမယ်လို့ ကုလသမဂ္ဂ က ယမန်နေ့ (ဖေဖေါ်ဝါရီ ၈ ရက်) မှာ ထုတ်ပြန် ပါတယ်။

ဗြိတိန် နဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အရေး လူ့အခွင့်အရေး ကောင်စီ အထူးအစည်းအဝေး ပြုလုပ်ရန် ယမန်နေ့ အစောပိုင်း မှာ တောင်းဆို ခဲ့ရာ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၁၉ နိုင်ငံက ထောက်ခံ ခဲ့ပါတယ်။ မြန်မာအခြေအနေ နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီ အထူး အစည်းအ‌ဝေးပြု လုပ်ရန် ထောက်ခံခဲ့တဲ့ နိုင်ငံအများစုဟာ အနောက်အုပ် မှ ဖြစ်ပြီး ဂျပန် နဲ့ တောင်ကိုရီးယား ကလည်း ထောက်ခံ ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: Win Lwin/Duwun)