ဘယ်တော့မှလဲကျမသွားဘဲ ပစ်လိုက်တိုင်းထောင် နေတဲ့ မြန်မာ့ရိုးရာ ကစားစရာအရုပ်လေး ပစ်တိုင်းထောင် ရဲ့အနှစ်သာရကို ဒီနှစ်ရဲ့ Miss Universe စင်မြင့်ထက်မှာ မြန်မာ ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်က ဖော်ပြတော့မှာပါ။ ရည်ရွယ်ချက် ကောင်းတွေရှိတဲ့ဒီအရုပ်လေးကို မြန်မာတင်မက ကမ္ဘာကပါအသိအမှတ်ပြုပြီး စိတ်ဝင်စားမှု ခံရတော့မှာ အသေအချာပါပဲ။ဒီဝတ်စုံလေးကို National Costume အဖြစ်နဲ့ ပွဲထုတ်ဖို့စီစဉ်ထားပေမယ့် လက်ရှိအချိန်ထိ Candy လက်ထဲမရောက် လာသေးပါဘူး။ ဒီအကြောင်း ကိုလည်း ” ၅.၅. ၂၁ – DHL Agent မှ ရန်ကုန် တွင်ပစ္စည်းလာယူ ၆.၅. ၂၁ – ရန်ကုန်မှ မြဝတီသို့ပို့ဆောင် ၇.၅. ၂၁ – မြဝတီမှ မဲဆောက်သို့ပို့ဆောင် ၈.၅. ၂၁ – မဲဆောက်မှ DHL ဖြင့် အမေရိကန် နိုင်ငံသို့စတင်ပို့ဆောင် ၉.၅. ၂၁ – ဘန်ကောက် – ဟောင်ကောင် – ဂျာမဏီ မှတစ်ဆင့် နယူးယောက်သို့ရောက်ရှိ ၁၀.၅. ၂၁ – နယူးယောက် တွင် ကြားဖြတ်ထုတ်ယူပြီး လူကိုယ်တိုင် ဖလော်ရီဒါသို့ပို့ဆောင်နိုင်ရန် ဆောင်ရွက်ရာတွင် မူလလိပ်စာပေးထားသည်မှာ ပြိုင်ပွဲကျင်းပရာ ဖလော်ရီဒါ လိပ်စာဖြစ်သဖြင့် ကြားဖြတ် ထုတ်ယူ၍မရကြောင်းသိရှိရ၊

ယနေ့ည ၉ နာရီ လေယာဉ်ဖြင့် တင်ပေးလိုက်မှာဖြစ်တဲ့ အတွက် သူတို့ပို့တာ ကိုမစောင့်ဘဲ ဖလော်ရီဒါရုံးတွင် ကိုယ်တိုင် သွားရောက်ထုတ်ယူမည် ဖြစ်ကြောင်းညှိုနှိုင်းဆောင်ရွက် ၁၁.၅. ၂၀ – ဖလော်ရီဒါတွင် သွားရောက်ထုတ်ယူရာ၌ မရောက်သေးကြောင်းသိရ၊ နယူးယောက်ရုံး သို့ထပ်မံစုံစမ်းရာ ပစ္စည်းရောက်မလာသေးကြောင်းသိရ၍ လေဆိပ်သို့လိုက်သွားပြီး အကျိုးအကြောင်း အားရှင်းပြ၍ စုံစမ်းညှိနှိုင်း ရာ လေဆိပ်ကွန်တိန်နာ ထဲသို့ရောက်နေကြောင်း ယခုညလေယာဉ်ဖြင့် ပို့ဆောင်မည် ဖြစ်ကြောင်းပြောကြားသဖြင့် ဖလော်ရီဒါ တွင်သွားရောက်ထုတ်ယူရန် အဆင်သင့် စောင့်ဆိုင်းလျှက်ရှိ ၁၂. ၅. ၂၀ – လေယာဉ်နှင့် ပါ မပါ စုံစမ်းရာတွင် နယူးယောက်မှာပင်ရှိနေသေးကြောင်းသိရသည့်အတွက် အချိန်မီ မရောက်ရှိပါက အစားထိုး ဝတ်ဆင်ယှဉ်ပြိုင်ရန်ဝတ်စုံ ရရှိရေးနှင့် လူကြုံထည့်ပေးနိုင်ရေး ဆောင်ရွက်လျှက် ရှိပါသည်။ ” ဆိုပြီး Miss Universe Myanmar Organization က ဖြေရှင်းထားခဲ့ပါတယ်။

မြန်မာ့ရိုးရာဝတ်စုံတစ်ခုဖြစ်တဲ့ သူငယ်တော်ဝတ်စုံ နဲ့ မြန်မာ့ရိုးရာအရုပ်တစ်ခု ဖြစ်တဲ့ ပစ်တိုင်းထောင် လေးတို့ရဲ့ ပူးတွဲတင်ဆက်မှုကို Miss Universe စင်မြင့်ထက်မှာ မြန်မာပြည်သူ ပြည်သားအားလုံးက မြင်တွေ့ချင်ကြပါတယ်။ ဝတ်စုံအချိန်မီရောက်သွားပြီး မြန်မာ တို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တွေကို ကမ္ဘာ့အလယ်မှာ ချပြနိုင်ဖို့လည်း အားလုံးက မျှော်လင့်နေကြပါတယ်။ Candy ရဲ့ကြိုးစားမှုကတော့ မျက်စိမှိတ်ပြီး ယုံကြည်ရနိုင်တာမို့ ဝတ်စုံလေးအချိန်မီရောက်သွားပြီး ပွဲမှာအဆင်ပြေပြေနဲ့ ရိုးရာယဉ်ကျေးမှုကို အကောင်းမွန်ဆုံးချ ပြနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Credit ……

ZAW GYI

ဘယ္ေတာ့မွလဲက်မသြားဘဲ ပစ္လိုက္တိုင္းေထာင္ ေနတဲ့ ျမန္မာ့ရိုးရာ ကစားစရာအ႐ုပ္ေလး ပစ္တိုင္းေထာင္ ရဲ့အႏွစ္သာရကို ဒီႏွစ္ရဲ့ Miss Universe စင္ျမင့္ထက္မွာ ျမန္မာ ကိုယ္စားျပဳ အလွမယ္ သူဇာဝင့္လြင္က ေဖာ္ျပေတာ့မွာပါ။ ရည္ရြယ္ခ်က္ ေကာင္းေတြရွိတဲ့ဒီအ႐ုပ္ေလးကို ျမန္မာတင္မက ကမၻာကပါအသိအမွတ္ျပဳၿပီး စိတ္ဝင္စားမႈ ခံရေတာ့မွာ အေသအခ်ာပါပဲ။ဒီဝတ္စုံေလးကို National Costume အျဖစ္နဲ႔ ပြဲထုတ္ဖို႔စီစဥ္ထားေပမယ့္ လက္ရွိအခ်ိန္ထိ Candy လက္ထဲမေရာက္ လာေသးပါဘူး။ ဒီအေၾကာင္း ကိုလည္း ” ၅.၅. ၂၁ – DHL Agent မွ ရန္ကုန္ တြင္ပစၥည္းလာယူ ၆.၅. ၂၁ – ရန္ကုန္မွ ျမဝတီသို႔ပို႔ေဆာင္ ၇.၅. ၂၁ – ျမဝတီမွ မဲေဆာက္သို႔ပို႔ေဆာင္ ၈.၅. ၂၁ – မဲေဆာက္မွ DHL ျဖင့္ အေမရိကန္ နိုင္ငံသို႔စတင္ပို႔ေဆာင္ ၉.၅. ၂၁ – ဘန္ေကာက္ – ေဟာင္ေကာင္ – ဂ်ာမဏီ မွတစ္ဆင့္ နယူးေယာက္သို႔ေရာက္ရွိ ၁၀.၅. ၂၁ – နယူးေယာက္ တြင္ ၾကားျဖတ္ထုတ္ယူၿပီး လူကိုယ္တိုင္ ဖေလာ္ရီဒါသို႔ပို႔ေဆာင္နိုင္ရန္ ေဆာင္ရြက္ရာတြင္ မူလလိပ္စာေပးထားသည္မွာ ၿပိဳင္ပြဲက်င္းပရာ ဖေလာ္ရီဒါ လိပ္စာျဖစ္သျဖင့္ ၾကားျဖတ္ ထုတ္ယူ၍မရေၾကာင္းသိရွိရ၊

ယေန႔ည ၉ နာရီ ေလယာဥ္ျဖင့္ တင္ေပးလိုက္မွာျဖစ္တဲ့ အတြက္ သူတို႔ပို႔တာ ကိုမေစာင့္ဘဲ ဖေလာ္ရီဒါ႐ုံးတြင္ ကိုယ္တိုင္ သြားေရာက္ထုတ္ယူမည္ ျဖစ္ေၾကာင္းညႇိုႏွိုင္းေဆာင္ရြက္ ၁၁.၅. ၂၀ – ဖေလာ္ရီဒါတြင္ သြားေရာက္ထုတ္ယူရာ၌ မေရာက္ေသးေၾကာင္းသိရ၊ နယူးေယာက္႐ုံး သို႔ထပ္မံစုံစမ္းရာ ပစၥည္းေရာက္မလာေသးေၾကာင္းသိရ၍ ေလဆိပ္သို႔လိုက္သြားၿပီး အက်ိဳးအေၾကာင္း အားရွင္းျပ၍ စုံစမ္းညႇိႏွိုင္း ရာ ေလဆိပ္ကြန္တိန္နာ ထဲသို႔ေရာက္ေနေၾကာင္း ယခုညေလယာဥ္ျဖင့္ ပို႔ေဆာင္မည္ ျဖစ္ေၾကာင္းေျပာၾကားသျဖင့္ ဖေလာ္ရီဒါ တြင္သြားေရာက္ထုတ္ယူရန္ အဆင္သင့္ ေစာင့္ဆိုင္းလၽွက္ရွိ ၁၂. ၅. ၂၀ – ေလယာဥ္ႏွင့္ ပါ မပါ စုံစမ္းရာတြင္ နယူးေယာက္မွာပင္ရွိေနေသးေၾကာင္းသိရသည့္အတြက္ အခ်ိန္မီ မေရာက္ရွိပါက အစားထိုး ဝတ္ဆင္ယွဥ္ၿပိဳင္ရန္ဝတ္စုံ ရရွိေရးႏွင့္ လူၾကဳံထည့္ေပးနိုင္ေရး ေဆာင္ရြက္လၽွက္ ရွိပါသည္။ ” ဆိုၿပီး Miss Universe Myanmar Organization က ေျဖရွင္းထားခဲ့ပါတယ္။

ျမန္မာ့ရိုးရာဝတ္စုံတစ္ခုျဖစ္တဲ့ သူငယ္ေတာ္ဝတ္စုံ နဲ႔ ျမန္မာ့ရိုးရာအ႐ုပ္တစ္ခု ျဖစ္တဲ့ ပစ္တိုင္းေထာင္ ေလးတို႔ရဲ့ ပူးတြဲတင္ဆက္မႈကို Miss Universe စင္ျမင့္ထက္မွာ ျမန္မာျပည္သူ ျပည္သားအားလုံးက ျမင္ေတြ႕ခ်င္ၾကပါတယ္။ ဝတ္စုံအခ်ိန္မီေရာက္သြားၿပီး ျမန္မာ တို႔ရဲ့ ခ်စ္စရာေကာင္းတဲ့ ရိုးရာဓေလ့ေတြကို ကမၻာ့အလယ္မွာ ခ်ျပနိုင္ဖို႔လည္း အားလုံးက ေမၽွာ္လင့္ေနၾကပါတယ္။ Candy ရဲ့ႀကိဳးစားမႈကေတာ့ မ်က္စိမွိတ္ၿပီး ယုံၾကည္ရနိုင္တာမို႔ ဝတ္စုံေလးအခ်ိန္မီေရာက္သြားၿပီး ပြဲမွာအဆင္ေျပေျပနဲ႔ ရိုးရာယဥ္ေက်းမႈကို အေကာင္းမြန္ဆုံးခ် ျပနိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

Credit ……