နိုင်ငံခြား မင်းသမီးလေးလား ထင်မှားရလောက်အောင် ချစ်ဖို့ကောင်းတဲ့ နော်ဖော်အယ်ထား ကိုတော့ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိသတ်ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။ဖြူဝင်းဥ တဲ့ အသားအရည်လေးရယ် သွယ်လျ ကျစ်လစ်ပြီး အဆီပို မရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျနှစ်သက် ချစ်ခင်နေရသူ လေးလည်းဖြစ်ပါတယ်။

ကြွေရုပ်လေးလို့ ထင်မှား ရလောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေး ပရိသတ်အချို့ အားကျ ချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း မကြာခင်ကျရောက်တော့မယ့် သီတင်းကျွတ် ကာလလေးအတွက် အမှတ်တရ ပုံရိပ်လေးတွေကို ဖန်တီး ရိုက်ကူးကာ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။

ပုံလေးထဲမှာ နော်ဖော်တစ်ယောက် အရမ်းချစ်ဖို့ကောင်းနေ တာလည်းဖြစ်ပါတယ်။ ပုံလေးတွေ နဲ့ အတူ ” ဝါလကင်းလွတ်သီတင်းကျွတ်ကာလအချိန်အခါမှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စိတ်၏ ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတွေ နဲ့ တလုံးတဝတည်း ပြီးပြည့်စုံ ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…” ရေးသား ဆုတောင်းထားပေးရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Naw Phaw Eh Htar

ZAWGYI




Yuan – Cele Zone
Photo – Naw Phaw Eh Htar