ပရိသတ်ကြီး​ရေ နန်းစန္ဒာလှထွန်း ကတော့ MRTV -4 မှာ ပြသခဲ့တဲ့ ” ပဉ္စလက်ရွာ”ဇာတ်လမ်းတွဲမှာ ရေဝတီဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့ သူလေးပါ။ ပရိသတ်တွေ တခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး ”သက်သက်”အနေနဲ့ ပုရိသပရိသတ်တွေ တဖြုတ်ဖြုတ် ကြွေခဲ့ရသူလေးပါ။

နန်းစန္ဒာလှထွန်း ကတော့ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲ တိုင်းမှာလည်း အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲ မင်းသမီးစစ်စစ် တစ်လက်ဖြစ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ဝါရင့် အနုပညာရှင်တွေက တောင်ချီးကျုးရတဲ့ အထိပါပဲနော်။ဒါ့အပြင် စီနီယာအနုပညာမောင်နှမတွေ အပေါ် ရိုသေလေးစားကာ အမြဲရင်းနှီဖော်ရွေတတ်တဲ့ မင်းသမီးတစ်လက်ပါ။

လက်ရှိမှာလည်း” ပီတိဖြစ်ရတဲ့ အလှူလေး 😇🙏ဆံရစ်ဝိုင်းလေးတွေ ရှိတဲ့နေရာ .. တနည်းအားဖြင့် “ ရေဝတီ “ ကိုမွေးဖွားပေးခဲ့တဲ့ရွာလေး … “စက်စက်ယို”တဲ့ ကိုယ်အညာဘက်ရောက်တိုင်း ရောက်ဖြစ်တဲ့ရွာလေးပေါ့ .. “ ရောက်တိုင်း လည်း အလှူလေးလုပ်ဖြစ်တယ် .. ဒီတစ်ခေါက်တော့ ရွာကမုန့်ဟင်းခါးလေးရော လွမ်းနေတာ နဲ့ ရောရွာ လုံးကျွတ်မုန့်ဟင်းခါး ဒါနပြုခဲ့တယ် .. ဒီကောင်းမူကြောင့် ဒီထက်မက လှူဒါန်းနိုင်ရပါ လို၏ 🙏”ဆိုတဲ့စာလေးနဲ့အလှူပြုလုပ်ခဲ့ကြောင်း ဝေမျှခဲ့တာပါ။ ပရိသတ်တွေ လည်း ရေဝတီလေး ရဲ့ အလှူလေးကို သာဓုခေါ်ခဲ့ကြပါဦးနော်။

Koe-CeleGabar
Soure -NanSandarHlaHtun

ZAWGYI




Koe-CeleGabar