အကယ်ဒမီ များရှင် ဦးညွန့်ဝင်း သည် ယနေ့တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်းကို အဖ အလင်္ကာကျော်စွာ ရွှေမန်း တင်မောင်၊ အမိ ဒေါ်သိန်းညွန့် တို့က ၁၉၄၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သထုံမြို့၊ ဇွဲကလာ ရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

ရုပ်ရှင် လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြား ခိုင်မာစေခဲ့သော ဇာတ်ကား မှာ ဒါရိုက်တာအေဝမ်း မောင်လှမျိုး ရိုက်ကူးသော ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားပင် ဖြစ်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်း နှင့် လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက် များကြောင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။

ညွန့်ဝင်းသည် ဗန်တို လူလေးနှင့် သူဇာ ဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆု၊ တတိယအရွယ်၏ဒုတိယဝေဒနာ ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသား ဇာတ်ဆောင်ဆု၊ သီတာခုနှစ်တန် ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသား ဇာတ်ပို့ဆု၊ သူ့ကျွန်မခံပြီ ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသား ဇာတ်ပို့ဆု၊ဆန်ရေ ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသား ဇာတ်ပို့ဆု၊ လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသား ဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်။ယခုကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီဖြစ်ပြီး မြန်မာရုပ်ရှင်လောက အတွက်ကြီးစွာသော ဆုံးရှုံးမှုကြီးဖြစ်သည်။

crd….

ZAWGYI

အကယ္ဒမီ မ်ားရွင္ ဦးညြန႔္ဝင္း သည္ ယေန႔တြင္ ကြယ္လြန္သြားေၾကာင္း သိရွိရပါသည္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ ညြန႔္ဝင္းကို အဖ အလကၤာေက်ာ္စြာ ေရႊမန္း တင္ေမာင္၊ အမိ ေဒၚသိန္းညြန႔္ တို႔က ၁၉၄၁ ခုႏွစ္ မတ္လ ၈ ရက္ေန႔တြင္ သထုံၿမိဳ႕၊ ဇြဲကလာ ရြာ၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ၇ ဦးအနက္ အႀကီးဆုံးသား ျဖစ္သည္။

႐ုပ္ရွင္ ေလာကတြင္ မင္းသား ညြန႔္ဝင္း ဟူ၍ နာမည္ေက်ာ္ၾကား ခိုင္မာေစခဲ့ေသာ ဇာတ္ကား မွာ ဒါရိုက္တာေအဝမ္း ေမာင္လွမ်ိဳး ရိုက္ကူးေသာ ဗန္တိုလူေလးႏွင့္ သူဇာ ဇာတ္ကားပင္ ျဖစ္သည္။ ထိုဇာတ္ကားတြင္ ညြန႔္ဝင္းသည္ လူေကာင္း ႏွင့္ လူဆိုး အသြင္ႏွစ္မ်ိဳးျဖင့္ ႏွစ္ကိုယ္ခြဲ သ႐ုပ္ေဆာင္ရာ ဇာတ္လမ္းႏွင့္ အံဝင္ေသာသ႐ုပ္ေဆာင္ခ်က္ မ်ားေၾကာင့္ ျမန္မာ့႐ုပ္ရွင္ ထူးခၽြန္ဆု ပထမဆုံး ဆြတ္ခူးရရွိခဲ့သည္။

ညြန႔္ဝင္းသည္ ဗန္တို လူေလးႏွင့္ သူဇာ ဇာတ္ကားျဖင့္ ၁၉၆၈ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ခ်စ္သူဝိုင္းဝိုင္းလည္ ဇာတ္ကားျဖင့္ ၁၉၇၁ ခုႏွစ္အတြက္ အမ်ိဳးသား ဇာတ္ေဆာင္ဆု၊ တတိယအရြယ္၏ဒုတိယေဝဒနာ ဇာတ္ကားျဖင့္ ၁၉၈၃ ခုႏွစ္အတြက္ အမ်ိဳးသား ဇာတ္ေဆာင္ဆု၊ သီတာခုႏွစ္တန္ ဇာတ္ကားျဖင့္ ၁၉၉၃ ခုႏွစ္အတြက္ အမ်ိဳးသား ဇာတ္ပို႔ဆု၊ သူ႔ကၽြန္မခံၿပီ ဇာတ္ကားျဖင့္ ၁၉၉၇ ခုႏွစ္အတြက္ အမ်ိဳးသား ဇာတ္ပို႔ဆု၊ဆန္ေရ ဇာတ္ကားျဖင့္ ၂၀၀၂ ခုႏွစ္အတြက္ အမ်ိဳးသား ဇာတ္ပို႔ဆု၊ လၽွို႔ဝွက္ေသာႏွင္း ဇာတ္ကားျဖင့္ ၂၀၀၄ ခုႏွစ္အတြက္ အမ်ိဳးသား ဇာတ္ပို႔ဆု စသည္ျဖင့္ ျမန္မာ့႐ုပ္ရွင္ ထူးခၽြန္ဆု ၇ ႀကိမ္ရရွိထားၿပီး ျဖစ္သည္။ယခုကြယ္လြန္ခ်ိန္တြင္ အသက္ (၈၀) ရွိၿပီျဖစ္ၿပီး ျမန္မာ႐ုပ္ရွင္ေလာက အတြက္ႀကီးစြာေသာ ဆုံးရႈံးမႈႀကီးျဖစ္သည္။

crd…