Sinon ကတော့အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်ကိုချစ်တဲ့ဖိလစ်ပိုင် လူမျိုးတစ်ယောက်ပါ။ ယခုသူကနိုင်ငံရေးမတည်ငြိမ်မှု့ကြောင့် သူရဲ့အမိနိုင်ငံကိုပြန်သွားခဲ့ရပေမယ့် မြန်မာကပြည်သူတွေအတွက်စိတ်ပူပန်နေခဲ့တာပါ။Sinon ကနာမည်ကျော်မော်ဒယ်တစ်ယောက်ဖြစ်ပေမယ့် အသားမကြီး၊လူတန်းစားမခွဲခြားပဲဆက်ဆံတတ်တဲ့ သူပါ၊မြန်မာပြည်မှာနေထိုင်စဉ်က လမ်းဘေးကမရှိဆင်းရဲသားတွေကိုအမြဲလှူဒါန်းမှု့တွေကိုပြုခဲ့သူပါ။

သူ့ရဲ့ကိုယ်ချင်းစာပြီးကြင်နာတတ်တဲ့စိတ်လေးက မြန်မာပြည်သူတွေကိုသတိထားမိခဲ့စေတာလဲ ဖြစ်ပါတယ်။Sinonရဲ့ရိုးသားတဲ့စိတ်လေးကြောင့်မြန်မာပရိတ်သတ်တွေကသူ့ကိုအချစ်ပိုခဲ့ကြ၊အားပေးခဲ့ကြတာပါ။Sinonကမြန်မာပြည်ကိုချစ်သလိုမြန်မာ နိုင်ငံရဲ့ရိုးရာဓလေ့တွေကိုလဲမြတ်နိုးတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။မြန်မာပြည်အခက်ခဲဖြစ်နေချိန်ယခုလိုပြန်သွားရတဲ့ သူ့ကိုနားလည်ပေးဖို့သူ့ချစ်ပရိတ်သတ်တွေကို ပြောထားပါသေးတယ်။

အမိနိုင်ငံမှာရှိနေပေမဲ့ သူ့လုပ်နိုင်တဲ့အလှူအတန်းတွေကို မြန်မာပြည်သူတွေ ထံသို့ပေးပို့ လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။အခုသူ့ရဲ့မီဒီယာမှာ မြန်မာပြည်သူတွေအတွက်စိုးရိမ်တဲ့Status အပေါ်ဝေဖန်မှု့ခံနေရတဲ့အပေါ် “မြန်မာပြည်ကလူတစ်ချို့ကကျတော့် Postsတွေအောက်မှာပြောကြတယ်မင်းမြန်မာကိုလွမ်းတယ်ဆိုပီးPostsတွေထိုင်တင်နေတာ ဟာဘာမှအထောက်အကူမပြုဘူးတဲ့ ဒါပေမဲ့ကျတော်ပြောချင်ပါတယ် ကျတော်ကျတော့်မှာရှိသမျှအားအင်အကုန်နဲ့ကျတော်ချစ်တဲ့မြန်မာပြည်ကိုကူညီခဲ့ပါတယ်။ရှေ့ဆက်လည်းကူညီသွားမှာပါကျတော့်မြန်မာကိုသတိရတာ အချစ်မပြတ်တာကတော့အမှန်ပါဘဲဗျာ။အဲ့လိုလာပြောနေတဲ့သူတွေသာမြန်မာပြည်သူပြည်သားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေဖို့အဓိကပါဗျာ။ ကျတော်ကတော့ကျတော့်အင်နဲ့အားနဲ့အဆုံးထိကူညီနေမှာပါ”လို့ပြတ်သား စွာတုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

crd,,,,,

ZAWGYi




crd,,,,,