ပရိသတ်ကြီးရေ အခုဖြစ်နေတဲ့ မြန်မာနိုင်ငံအရေး ကတော့ ဘယ်သူတွေ ဘယ်လို စိတ်ဓာတ်မျိုး ရှိတယ် ဆိုတာ အကုန်လုံး ကွက်ကွက် ကွင်းကွင်း သိမြင်လာရပါပြီနော်။ အဓမ္မဘက် ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်များလည်း ရှိသလို ဆန္ဒပြပွဲတွေမှာ ဟန်ဆောင်ခဲ့ပြီး ကြားနေခဲ့တဲ့ ဆယ်လီ တစ်ချို့လည်း ရှိခဲ့ပါတယ်နော်။ ဒီအထဲ မှာတော့Facebook ဆယ်လီ နေဆန်း၊ ဖြူထွေးနဲ့ နာမည်ကြီးသရုပ်ဆောင် ထက်ထက်မိုးဦး တို့လည်း ပါဝင်ပါတယ်နော်။သူတို့သုံးဦးရဲ့ သတင်း အစုံအလင်ကို အောက်တွင် ဖော်ပြပေးလိုက် ရပါတယ်နော်။ ပထမက နေဆန်း ။ ဖောလိုးဝါးတွေအများကြီး ကိုင်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ထိထိ ရောက်ရောက်မလုပ်ဘဲ အရင်တုန်းကတော့ ရူးသလိုလိုပေါသလိုလိုနဲ့ အာဏာသိမ်းပြီးတော့ သူများလှူတာတွေပဲထိုင်ရှဲနေပြီး နောက်ဆုံးမှ စျေးရောင်းမယ့်သူများ လာမန့်ကြပါဆိုပြီးပေါ်လာတယ် ။

ဒုတိယက ​ထက်ထက်မိုးဦး ။ အရင်တုန်းက စိန်လက်စွပ်တွေ Live လွှင့်ပြီး ဗိုလ်မှူး ကတော်တွေနဲ့ သာယာနေ တာကနေ အာဏာသိမ်းလိုက်တော့ Page ဖျက်ပြေးတယ် ။ UN ကလာမယ်ဆိုတော့ Page ပြန်ဖွင့်ပြီး လက်သုံးချောင်း ထောင်တဲ့ ဓာတ်ပုံတင်ပြီး UN က မလာပြန်ဘူးဆိုတော့ Page ပါ Unpublished ပြန်လုပ်သွားတယ် ။ အခုထိ Page ဖျောက်ထားတုန်း ။

တတိယက ဖြူဖြူထွေး ။ အရင်တုန်းက လိုင်းပေါ် ကြော်ငြာ တစ်ပုဒ် သိန်း ၇၀ နဲ့ နေ့တိုင်းခုန်ပေါက်ပြေးလွှား နေပြီး အာဏာသိမ်းပြီးကာမှ ဖေ့ဘုတ် Password မေ့သွားလို့ Bluemark ရထားတဲ့ Page မှာ Post မတင်တော့တာ မတ်လ ၁ရက်နေ့ ကနေ ဒီနေ့ထိဆို ရက်ပေါင်း ၅၀ နီးပါးရှိသွားပြီ ။ လမ်းပေါ်လည်း လုံးဝ ထွက်မလာဘူး ထက်ထက်မိုးဦးနဲ့ဖြူဖြူထွေး လမ်းပေါ် ဆန္ဒပြပွဲတွေမှာပါဝင် နေတဲ့ပုံ မြင်ဖူးလို့လား ။ ဒီကြားထဲ ဘယ်သူကဖွလိုက်တယ်မသိ ဘယ်သူက သိန်းဘယ်နှထောင်လှူလိုက် ပါပြီတို့ ။ ဘယ်သူမှ အဲ့လောက်အများကြီး မလှူဘူး အကုန်လုံးလူလည်တွေချည်းပဲ ။

လူအများစုက ဘစိုင်းကိုသာ Troll နေကြတာ ဘစိုင်းက ရန်ကုန်တို့ သူ့မွေးရပ်မြေတောင်ကြီးတို့ကိစ္စမှာ ဘာအသံမှမထွက်ပေမယ့် အနည်းဆုံးတော့ လမ်းပေါ်ဆန္ဒပွဲတော့ ရောက်လာ ခဲ့သေးတယ် ။ အပေါ်က ဆယ်လီတွေ တော့ လုံးဝမတွေ့ရ ။Personal တိုက်ခိုက်နေတာ မဟုတ်ဘူး ။ တိုက်ခိုက်ရအောင် ကျွန်တော်လည်း စျေးရောင်းနေ တဲ့လူ တစ်ယောက်မဟုတ်ဘူး နိုင်ငံရေးသမားကြီး မဟုတ်ပေမယ့် ဒီမိုဝန်းရံသူ အမေစုချစ်သူ Activities အဆင့်ပဲ ။ Democracy Strong တစ်ယောက်ဆိုတော့ ဝန်းရံ တဲ့နေရာမှာလည်း သူများတွေ ထက်ပိုဝန်းရံသလို ပြောရင်လည်းသူများတွေထက်ပိုပြောရလိမ့်မယ် ။

လိုရင်းပြောရရင်တော့ ဒီလူတွေ ဖောလိုးဝါးတွေ မီလီယံနဲ့ ချီကိုင် ထားပြီး ပြ​ည်သူတွေရဲ့ အားပေးမူတခဲနက် ရရှိပြီးတကယ် အရေးကြုံလာတော့ ပြည်သူနဲ့အတူမရပ်တည်ပဲ အတိတ်မေ့နေသလိုလို ရွှေပျောက်နေ သလိုလုပ်နေတာတော့ စိတ်မကောင်းလည်းဖြစ်မိတယ် ။ တကယ်က သူတို့ကပိုပြီးတော့တောင် Speak Out လုပ်ပေးသင့်တယ် ။အဆုံးသတ်တော့ ဝေလသီချင်း ထဲကလို ကန့်ကန့်ကာရှေ့မှာသာ ကလေးလိုဟန်ဆောင်နေကြတာ ကန့်လန့်ကာ နောက်ကွယ်မှာတော့ လူလည်တွေချည်းပါပဲ ။ သူတို့သုံးယောက်ထဲလားဆိုတော့လည်း မဟုတ်ဘူး အာဏာသိမ်းပြီးကာမှ မြန်မာနိုင်ငံကသူတို့နဲ့မဆိုင်ပါဘူး သူတို့ကအမေရိကန်နိုင်ငံသားပါဆိုတဲ့ ဆုပန်ထွာတို့ကအစ အများကြီးကျန်ပါသေးတယ်နော်။

Credit:CELELUCKY

ZAW GYI

ပရိသတ္ႀကီးေရ အခုျဖစ္ေနတဲ့ ျမန္မာနိုင္ငံအေရး ကေတာ့ ဘယ္သူေတြ ဘယ္လို စိတ္ဓာတ္မ်ိဳး ရွိတယ္ ဆိုတာ အကုန္လုံး ကြက္ကြက္ ကြင္းကြင္း သိျမင္လာရပါၿပီေနာ္။ အဓမၼဘက္ ကေန ရပ္တည္ခဲ့တဲ့ အႏုပညာရွင္မ်ားလည္း ရွိသလို ဆႏၵျပပြဲေတြမွာ ဟန္ေဆာင္ခဲ့ၿပီး ၾကားေနခဲ့တဲ့ ဆယ္လီ တစ္ခ်ိဳ႕လည္း ရွိခဲ့ပါတယ္ေနာ္။ ဒီအထဲ မွာေတာ့Facebook ဆယ္လီ ေနဆန္း၊ ျဖဴေထြးနဲ႔ နာမည္ႀကီးသ႐ုပ္ေဆာင္ ထက္ထက္မိုးဦး တို႔လည္း ပါဝင္ပါတယ္ေနာ္။သူတို႔သုံးဦးရဲ့ သတင္း အစုံအလင္ကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ ရပါတယ္ေနာ္။ ပထမက ေနဆန္း ။ ေဖာလိုးဝါးေတြအမ်ားႀကီး ကိုင္ထားၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ထိထိ ေရာက္ေရာက္မလုပ္ဘဲ အရင္တုန္းကေတာ့ ႐ူးသလိုလိုေပါသလိုလိုနဲ႔ အာဏာသိမ္းၿပီးေတာ့ သူမ်ားလႉတာေတြပဲထိုင္ရွဲေနၿပီး ေနာက္ဆုံးမွ ေစ်းေရာင္းမယ့္သူမ်ား လာမန႔္ၾကပါဆိုၿပီးေပၚလာတယ္ ။

ဒုတိယက ​ထက္ထက္မိုးဦး ။ အရင္တုန္းက စိန္လက္စြပ္ေတြ Live လႊင့္ၿပီး ဗိုလ္မႉး ကေတာ္ေတြနဲ႔ သာယာေန တာကေန အာဏာသိမ္းလိုက္ေတာ့ Page ဖ်က္ေျပးတယ္ ။ UN ကလာမယ္ဆိုေတာ့ Page ျပန္ဖြင့္ၿပီး လက္သုံးေခ်ာင္း ေထာင္တဲ့ ဓာတ္ပုံတင္ၿပီး UN က မလာျပန္ဘူးဆိုေတာ့ Page ပါ Unpublished ျပန္လုပ္သြားတယ္ ။ အခုထိ Page ေဖ်ာက္ထားတုန္း ။

တတိယက ျဖဴျဖဴေထြး ။ အရင္တုန္းက လိုင္းေပၚ ေၾကာ္ျငာ တစ္ပုဒ္ သိန္း ၇၀ နဲ႔ ေန႔တိုင္းခုန္ေပါက္ေျပးလႊား ေနၿပီး အာဏာသိမ္းၿပီးကာမွ ေဖ့ဘုတ္ Password ေမ့သြားလို႔ Bluemark ရထားတဲ့ Page မွာ Post မတင္ေတာ့တာ မတ္လ ၁ရက္ေန႔ ကေန ဒီေန႔ထိဆို ရက္ေပါင္း ၅၀ နီးပါးရွိသြားၿပီ ။ လမ္းေပၚလည္း လုံးဝ ထြက္မလာဘူး ထက္ထက္မိုးဦးနဲ႔ျဖဴျဖဴေထြး လမ္းေပၚ ဆႏၵျပပြဲေတြမွာပါဝင္ ေနတဲ့ပုံ ျမင္ဖူးလို႔လား ။ ဒီၾကားထဲ ဘယ္သူကဖြလိုက္တယ္မသိ ဘယ္သူက သိန္းဘယ္ႏွေထာင္လႉလိုက္ ပါၿပီတို႔ ။ ဘယ္သူမွ အဲ့ေလာက္အမ်ားႀကီး မလႉဘူး အကုန္လုံးလူလည္ေတြခ်ည္းပဲ ။

လူအမ်ားစုက ဘစိုင္းကိုသာ Troll ေနၾကတာ ဘစိုင္းက ရန္ကုန္တို႔ သူ႔ေမြးရပ္ေျမေတာင္ႀကီးတို႔ကိစၥမွာ ဘာအသံမွမထြက္ေပမယ့္ အနည္းဆုံးေတာ့ လမ္းေပၚဆႏၵပြဲေတာ့ ေရာက္လာ ခဲ့ေသးတယ္ ။ အေပၚက ဆယ္လီေတြ ေတာ့ လုံးဝမေတြ႕ရ ။Personal တိုက္ခိုက္ေနတာ မဟုတ္ဘူး ။ တိုက္ခိုက္ရေအာင္ ကၽြန္ေတာ္လည္း ေစ်းေရာင္းေန တဲ့လူ တစ္ေယာက္မဟုတ္ဘူး နိုင္ငံေရးသမားႀကီး မဟုတ္ေပမယ့္ ဒီမိုဝန္းရံသူ အေမစုခ်စ္သူ Activities အဆင့္ပဲ ။ Democracy Strong တစ္ေယာက္ဆိုေတာ့ ဝန္းရံ တဲ့ေနရာမွာလည္း သူမ်ားေတြ ထက္ပိုဝန္းရံသလို ေျပာရင္လည္းသူမ်ားေတြထက္ပိုေျပာရလိမ့္မယ္ ။

လိုရင္းေျပာရရင္ေတာ့ ဒီလူေတြ ေဖာလိုးဝါးေတြ မီလီယံနဲ႔ ခ်ီကိုင္ ထားၿပီး ျပ​ည္သူေတြရဲ့ အားေပးမူတခဲနက္ ရရွိၿပီးတကယ္ အေရးၾကဳံလာေတာ့ ျပည္သူနဲ႔အတူမရပ္တည္ပဲ အတိတ္ေမ့ေနသလိုလို ေရႊေပ်ာက္ေန သလိုလုပ္ေနတာေတာ့ စိတ္မေကာင္းလည္းျဖစ္မိတယ္ ။ တကယ္က သူတို႔ကပိုၿပီးေတာ့ေတာင္ Speak Out လုပ္ေပးသင့္တယ္ ။အဆုံးသတ္ေတာ့ ေဝလသီခ်င္း ထဲကလို ကန႔္ကန႔္ကာေရွ႕မွာသာ ကေလးလိုဟန္ေဆာင္ေနၾကတာ ကန႔္လန႔္ကာ ေနာက္ကြယ္မွာေတာ့ လူလည္ေတြခ်ည္းပါပဲ ။ သူတို႔သုံးေယာက္ထဲလားဆိုေတာ့လည္း မဟုတ္ဘူး အာဏာသိမ္းၿပီးကာမွ ျမန္မာနိုင္ငံကသူတို႔နဲ႔မဆိုင္ပါဘူး သူတို႔ကအေမရိကန္နိုင္ငံသားပါဆိုတဲ့ ဆုပန္ထြာတို႔ကအစ အမ်ားႀကီးက်န္ပါေသးတယ္ေနာ္။

Credit:CELELUCKY