



UNICODE

အဆိုတော် ဖြိုးမြတ်အောင် ကတော့ “Myanmar Idol” သီချင်းဆို ပြိုင်ပွဲ ကြီးကနေ စတင် အောင်မြင်လာခဲ့ သူ ဖြစ်ပါတယ် ။ Winner ဆုကြီးကို ထိုက်ထိုက် တန်တန် ဆွတ်ခူးပြီး ပရိသတ် တွေရဲ့ချစ်ခင် အားပေးမှုကို ရရှိ ခဲ့တဲ့ ဖြိုးမြတ်အောင်က အခုဆိုရင် ဂီတ လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ ဖြိုးမြတ်အောင် က သီချင်းတွေလည်း ဆက်လက် ဖန်တီးသလို ဖျော်ဖြေ ပွဲ နဲ့ ပွဲအခမ်းအနားတွေ မှာလည်း ပါဝင်သီဆို နေရတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ဖြိုးမြတ်အောင် က ကြော်ငြာ လေးတွေလည်း လက်ခံ ရိုက်ကူးရတဲ့ အပြင် Live Sale တွေပါ မနားတမ်း ရောင်းချနေရတာ ဖြစ်ပါတယ် ။ မာန်မာနကင်းပြီး ရိုးသား ဖော်ရွေတတ်တဲ့ ဖြိုးမြတ်အောင် ကို ပရိသတ်တွေ အားလုံးက ဝန်းရံ အားပေးကြတာ ဖြစ်ပါတယ် ။ ဒီနေ့ မှာတော့ ဖြိုးမြတ်အောင် က သူ့ရဲ့ဆရာဖြစ်တဲ့ မြန်မာပြည် သိန်းတန် တို့အိမ်မှာ မီးလောင်တာ နဲ့ ပတ်သက်ပြီး သူသိထားတဲ့ အခြေအနေလေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဖြိုးမြတ်အောင် က “အားလုံး စိတ်မပူကြပါနဲ့ ခင်ဗျာ အန်ကယ် တို့ အေးအေး ချမ်းချမ်းပါပဲ ” ဆိုပြီး ရေးသားပြောပြ ထားတာ ဖြစ်ပါတယ် ။ ဆင်မလိုက်တာဝါမှာရှိတဲ့ မြန်မာပြည်သိန်းတန်တို့အိမ်မှာ ဒီနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ပုံရိပ်တွေ ကလည်း လူမှုကွန် ယက်စာမျက်နှာ ထက်မှာ အတော်လေးကို ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ် ။ ကဲ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံအတွက် စိတ်ပူနေကြတဲ့ ပရိသတ်တွေ အားလုံးလည်း စိတ်အေး စေနိုင်ဖို့ ဖြိုးမြတ်အောင် ပြောပြထားတဲ့ လက်ရှိ အခြေအနေလေး ကို ပြန်လည် မျှဝေပေးလိုက်ရတာပဲ ဖြစ်ပါတယ်နော်။

Source & Photo Credit-Phyo Myat Aung’s FB Acc