


Swelsone News

unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် ၊အဆိုတော်စိုင်းလွှမ်းကတော့ သမီးချောလေး စစ်လွန်းဝတီထက် ကို အရွယ်ရောက် လာတဲ့အထိ နွေးထွေးစွာ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။စိုင်းလွှမ်းက လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို ဖြည်းဖြည်း မှန်မှန်လုပ်ဆောင်လျက်ရှိပြီး သမီးလေး ရဲ့အနာဂတ်လှပဖို့အတွက် အလုပ်တွေအရမ်းကြိုးစားတဲ့ဖခင်ကောင်း တစ်ယောက်ဖြစ်ပါတယ်နော်။စိုင်းလွှမ်းတို့သားအ‌ဖ နှစ်ယောက်က အပြန်အလှန် မေတ္တာတွေပေးရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေကြတာဖြစ်ပါတယ်။

စိုင်းလွှမ်းက သမီးလေးစစ်လွန်းဝတီထက် ကို သေချာဆုံးမ သင်ကြားပေးတာကြောင့် ကလေးလေး ကလည်း လိမ္မာရေးခြား အပြည့်ရှိပါတယ်နော်။စစ်လွန်းဝတီထက်လေးက ဖေဖေ့ကို တတ်နိုင်သလောက်ကူညီပေးပြီး အမြဲစိတ်ချမ်းသာ အောင်ထားပေးတာဖြစ်ပါတယ်။စစ်လွန်းလေး ကတော့ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီဖြစ်လို့ အရမ်းချစ်စရာကောင်းလာပြီး ဖေဖေနဲ့ ချွတ်စွပ်တူတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ပရိသတ် တွေကတော့ စစ်လွန်းတို့သားအဖနှစ်ယောက်လုံးကို အရမ်းချစ်ကြလို့ အမြဲအားပေးနေကြတာဖြစ်ပါတယ်။

ဒီနေ့လေးမှာဆိုရင်တော့ စစ်လွန်းဝတီထက်းက (၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်နော်။စစ်လွန်းလေးက သူ့ရဲ့(၁၀) နှစ်ပြည့်မွေးနေ့လေးမှာ ဖေဖေ၊ဘိုးဘိုး၊ဘွားဘွားတို့နဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပါတယ်။စစ်လွန်းဝတီထက် ကတော့ ဘွားဘွားဆီကနေ တန်ဖိုးကြီးလည်ဆွဲ တစ်ခုကို လက်ဆောင်ရလိုက်လို့အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။စိုင်းလွှမ်းကလည်း လက်ဆောင်ရ လို့အရမ်းပျော်ရွှင်နေတဲ့သမီးလေးကိုကြည့်ပြီး ပီတိဖြစ်လွန်းလို့ ပုံရိပ်လေး‌ကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Swelsone News