


Cele Secrets

(၁၁) နှစ်ပြည့် Anniversary အတွက် အပြန်အလှန် လက်ဆောင်တွေ ပေးရင်း Suprise လုပ်ခဲ့ကြတဲ့ နေဝင်းတို့ စုံတွဲ

Rapper ကြီးတစ်ယောက် ပီပီ အမိုက်စား သီချင်းတွေကို သီဆိုတတ်တဲ့ နေဝင်း ကတော့ အချစ်နဲ့ ပက်သတ်ရင် ပရိသတ်တွေ ထင်မထား လောက်အောင် နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်ပါတယ်။ နေဝင်းကတော့ သူငယ်စဉ် ကတည်းက ချစ်ရတဲ့ ချစ်သူနဲ့ မကြာသေးခင်လပိုင်း အတွင်းကပဲ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် ကြင်စဦးဇနီးမောင်နှံ ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နေဝင်းတို့စုံတွဲ ကတော့ အိမ်ထောင်မကျခင် ကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ခဲ့ပြီး အိမ်ထောင်ရှင် တွေဖြစ်သွားချိန်မှာလည်း ပရိသတ်စောင့်ကြည့် ခဲ့ရတဲ့ နေနဲ့လ ရွှေနဲ့မြလို ဇနီးမောင်နှံနှစ်ယောက်ပါပဲ။

မကြာခင် ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ချစ်သူ သက်တမ်း (၁၁) နှစ်ပြည့် တော့မယ့် နေဝင်းတို့ ဇနီးမောင်နှံက နှစ်စဉ်နှစ်တိုင်း လိုလို တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လက်ဆောင်ပေးရင်း ဖြတ်သန်းလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါ မှာလည်း နေဝင်းတို့ ဇနီးမောင်နှံက (၁၁) နှစ်ပြည့် Anniversary အတွက် တစ်ယောက်အကြိုက် တစ်ယောက် လက်ဆောင်ပေးရင်း Suprise လုပ်ခဲ့ကြတာကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အခုလိုပဲ ဗီဒီယိုလေး မျှဝေပေးလာပါတယ်။

နေဝင်းနဲ့ အိမ့်ချစ်ချောတို့ ကတော့ နှစ်တွေအကြာကြီး အတူတူရှိခဲ့သူတွေပီပီ တစ်ယောက်အကြိုက် တစ်ယောက် ပြောစရာမလိုအောင် သိနေတာ မထူးဆန်း ပါဘူးနော်။ နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်သက်တမ်း (၁၁) နှစ်ပြည့်မှသည် နှစ်ပေါင်း (၁၁၀) တိုင် သက်ဆုံးတိုင် ချစ်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections
Cele Secrets