ပရိသတ္ႀကီး ေရ G Fatt ကေတာ့ လူငယ္ ပရိသတ္ေတြရဲ့ ၾကားမွာေတာ္ေတာ္ေလး ကို ေအာင္ျမင္မႈ ေတြရရွိေနတဲ့ ပရိသတ္ အခ်စ္ေတာ္ တစ္ေယာက္ပါ။ ၾကဳံေတြ႕ရတဲ့ အေတြအၾကဳံ ေတြကို သီခ်င္း ေတြဖြဲ႕ၿပီး သီဆိုေလ့ ရွိတာေၾကာင့္ G Fatt ရဲ့ သီခ်င္း ေတြက ခံစားခ်က္ အစစ္အမွန္အျဖစ္ ပရိသတ္ ေတြအတြက္ ထူးထူးျခားျခားကို ႀကိဳက္ႏွစ္သက္အားေပးေနခဲ့ရတာပါ။

ဒီေန႔မွာေတာ့ G Fatt က သူ႔ရဲ့ ပရိသတ္ ေတြထဲက သူ႔ကို အားေပး ၾကမ္းတဲ့ ပရိသတ္ တစ္ေယာက္ရဲ့အေၾကာင္းကို မၽွေဝလာခဲ့ပါတယ္။ ဒီပရိသတ္ကေတာ့ အိမ္မဲၿမိဳ႕မွာေနထိုင္တဲ့ ပရိသတ္ တစ္ေယာက္ျဖစ္ၿပီး အသက္က (၁၆) ႏွစ္ပဲရွိပါေသးတယ္တဲ့။ ဒီပရိသတ္ကေတာ့ G Fatt ရဲ့ ပုံတူေလးကို ပန္းခ်ီ ေရးဆြဲၿပီး အားေပးခဲ့တာပါ။ G Fatt ကေတာ့ (၁၆)ႏွစ္နဲ႔ သူ႔ရဲ့ပုံကို ခၽြပ္စြပ္ တူေအာင္ ပန္းခ်ီေရး ဆြဲခဲ့တဲ့ (၁၆) ႏွစ္သားေလးရဲ့ ပန္းခ်ီကို ေတြ႕ခ်ိန္မွာေတာ့ “(၁၆)ႏွစ္နဲ႔ ေတာ္လွခ်ည္းလား” လို႔ ခ်ီးက်ဴးခဲ့ရတဲ့ အထိ အံ့အားသင့္ခဲ့တာပါ။

G Fatt ကသာမက ဒီပုံတူ ပန္းခ်ီေလး ကို ျမင္တဲ့ ပရိသတ္ေတြ ကလည္း G Fatt ရဲ့ (၁၆)ႏွစ္သား ပရိသတ္ကို ခ်ီးက်ဴးေနခဲ့ၾကပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ G Fatt က ဒီပုံေလး ကိုၾကည့္ၿပီး သူ႔ရဲ့ မဆုံဖူးေသးတဲ့ ပရိသတ္ေတြ ဘယ္ေလာက္ေတာင္မ်ား ရွိေနမလဲ ဆိုၿပီးေတာ့ေတာင္ေတြးမိသြားခဲ့ပါတယ္တဲ့။

Chilli – CeleZone
Source – G Fatt

UNICODE

ပရိသတ်ကြီး ရေ G Fatt ကတော့ လူငယ် ပရိသတ်တွေရဲ့ ကြားမှာတော်တော်လေး ကို အောင်မြင်မှု တွေရရှိနေတဲ့ ပရိသတ် အချစ်တော် တစ်ယောက်ပါ။ ကြုံတွေ့ရတဲ့ အတွေအကြုံ တွေကို သီချင်း တွေဖွဲ့ပြီး သီဆိုလေ့ ရှိတာကြောင့် G Fatt ရဲ့ သီချင်း တွေက ခံစားချက် အစစ်အမှန်အဖြစ် ပရိသတ် တွေအတွက် ထူးထူးခြားခြားကို ကြိုက်နှစ်သက်အားပေးနေခဲ့ရတာပါ။

ဒီနေ့မှာတော့ G Fatt က သူ့ရဲ့ ပရိသတ် တွေထဲက သူ့ကို အားပေး ကြမ်းတဲ့ ပရိသတ် တစ်ယောက်ရဲ့အကြောင်းကို မျှဝေလာခဲ့ပါတယ်။ ဒီပရိသတ်ကတော့ အိမ်မဲမြို့မှာနေထိုင်တဲ့ ပရိသတ် တစ်ယောက်ဖြစ်ပြီး အသက်က (၁၆) နှစ်ပဲရှိပါသေးတယ်တဲ့။ ဒီပရိသတ်ကတော့ G Fatt ရဲ့ ပုံတူလေးကို ပန်းချီ ရေးဆွဲပြီး အားပေးခဲ့တာပါ။ G Fatt ကတော့ (၁၆)နှစ်နဲ့ သူ့ရဲ့ပုံကို ချွပ်စွပ် တူအောင် ပန်းချီရေး ဆွဲခဲ့တဲ့ (၁၆) နှစ်သားလေးရဲ့ ပန်းချီကို တွေ့ချိန်မှာတော့ “(၁၆)နှစ်နဲ့ တော်လှချည်းလား” လို့ ချီးကျူးခဲ့ရတဲ့ အထိ အံ့အားသင့်ခဲ့တာပါ။

G Fatt ကသာမက ဒီပုံတူ ပန်းချီလေး ကို မြင်တဲ့ ပရိသတ်တွေ ကလည်း G Fatt ရဲ့ (၁၆)နှစ်သား ပရိသတ်ကို ချီးကျူးနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ G Fatt က ဒီပုံလေး ကိုကြည့်ပြီး သူ့ရဲ့ မဆုံဖူးသေးတဲ့ ပရိသတ်တွေ ဘယ်လောက်တောင်များ ရှိနေမလဲ ဆိုပြီးတော့တောင်တွေးမိသွားခဲ့ပါတယ်တဲ့။

Chilli – CeleZone
Source – G Fatt