အာဇာနည်လို့ ဆိုလိုက်ရင် တော့ အသံပါဝါ ကောင်းကောင်း နဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ၁၀ စုနှစ်မက ရပ်တည်လာခဲ့တဲ့ သူတစ်ဉီးပါ။ အာဇာနည်ဟာ တေးသီချင်း Album ပေါင်းများစွာကို ထွက်ရှိ ခဲ့ပြီး IC အဖွဲ့မှာလည်း အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့အပြင် ပရိသတ်တွေ အားပေးကြမ်းနေတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ အာဇာနည် ကတော့ သားလေး ၂ ယောက်နဲ့ အတူ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

အာဇာနည် ကတော့ မြန်မာပြည်ရဲ့လက်ရှိ အခြေအနေမှာ လည်း ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့ သူလည်း ဖြစ်ပါတယ်။ တွယ်တာ စရာ မိသားစုနှောင်ကြိုးတွေ ရှိနေပေမယ့် လည်း အမှန်တရားဘက် က ရပ်တည်ပြီး အခုလို တိုက်ပွဲ ဝင်ခဲ့တာပဲဖြစ်ပါတယ်။ အာဇာနည်က တော်လှန်ရေး တိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ အင်တိုက်အား တိုက်ပြုလုပ် တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင် တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရ သူလည်း ဖြစ်ပါတယ်..။

ဒီကနေ့ အောက်တိုဘာလ (၂၇) ရက် ကတော့ အာဇာနည်တို့ ဇနီးမောင်နှံ ရဲ့ မင်္ဂလာသက်တမ်း ၁၈ နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ အာဇာနည်က Anniversary နေ့လေးမှာ သူချစ်ရတဲ့ ဇနီးချောလေးရယ်၊ သားလေးတွေရယ်၊ သမီးလေးရယ်နဲ့ အတူတူ ရှိနေခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပြီး ဝမ်းသာပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။အာဇာနည်က သူတို့မိသားစုပုံလေးတွေနဲ့အတူ “၁၈ နှစ်ပြည့်ခဲ့ပြီ ဒီနေ့ ဒီအချိန် ဒီရက်မှာ မိသားစု တူတူ ရှိနေခွင့်ရတဲ့ အတွက် အရာရာကိုကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကလည်း Happy Anniversary ပါကိုအာဇာနည် ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ် နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ ဆိုပြီး ဆုတောင်းပေးထားကြပါတယ်။

Credit….

ZAWGYI

အာဇာနည္လို႔ ဆိုလိုက္ရင္ ေတာ့ အသံပါဝါ ေကာင္းေကာင္း နဲ႔ အႏုပညာ လမ္းေၾကာင္းေပၚမွာ ၁၀ စုႏွစ္မက ရပ္တည္လာခဲ့တဲ့ သူတစ္ဉီးပါ။ အာဇာနည္ဟာ ေတးသီခ်င္း Album ေပါင္းမ်ားစြာကို ထြက္ရွိ ခဲ့ၿပီး IC အဖြဲ႕မွာလည္း အဖြဲ႕ဝင္ တစ္ဦးျဖစ္တဲ့အျပင္ ပရိသတ္ေတြ အားေပးၾကမ္းေနတဲ့ အႏုပညာရွင္ တစ္ဦးပဲ ျဖစ္ပါတယ္။ အာဇာနည္ ကေတာ့ သားေလး ၂ ေယာက္နဲ႔ အတူ သမီးေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားတာေၾကာင့္ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူ တစ္ေယာက္လည္းျဖစ္ပါတယ္။

အာဇာနည္ ကေတာ့ ျမန္မာျပည္ရဲ့လက္ရွိ အေျခအေနမွာ လည္း ျပည္သူနဲ႔အတူ တစ္သားတည္း ရပ္တည္ခဲ့ သူလည္း ျဖစ္ပါတယ္။ တြယ္တာ စရာ မိသားစုေႏွာင္ႀကိဳးေတြ ရွိေနေပမယ့္ လည္း အမွန္တရားဘက္ က ရပ္တည္ၿပီး အခုလို တိုက္ပြဲ ဝင္ခဲ့တာပဲျဖစ္ပါတယ္။ အာဇာနည္က ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ရဲရဲရင့္ရင့္နဲ႔ အင္တိုက္အား တိုက္ျပဳလုပ္ တာေၾကာင့္ ၅၀၅ က ျဖင့္ အမႈဖြင့္ အေရးယူျခင္း ခံထားရတဲ့ အႏုပညာရွင္ ေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။ လတ္တေလာမွာ အခက္အခဲေတြနဲ႔ အႏၲရာယ္ေတြၾကားက ေရွာင္တိမ္းပုန္း ခိုေနရ သူလည္း ျဖစ္ပါတယ္..။

ဒီကေန႔ ေအာက္တိုဘာလ (၂၇) ရက္ ကေတာ့ အာဇာနည္တို႔ ဇနီးေမာင္ႏွံ ရဲ့ မဂၤလာသက္တမ္း ၁၈ ႏွစ္ျပည့္တဲ့ေန႔ေလးပဲျဖစ္ပါတယ္။ အာဇာနည္က Anniversary ေန႔ေလးမွာ သူခ်စ္ရတဲ့ ဇနီးေခ်ာေလးရယ္၊ သားေလးေတြရယ္၊ သမီးေလးရယ္နဲ႔ အတူတူ ရွိေနခြင့္ရတဲ့ အတြက္ ေက်းဇူးတင္ၿပီး ဝမ္းသာပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။အာဇာနည္က သူတို႔မိသားစုပုံေလးေတြနဲ႔အတူ “၁၈ ႏွစ္ျပည့္ခဲ့ၿပီ ဒီေန႔ ဒီအခ်ိန္ ဒီရက္မွာ မိသားစု တူတူ ရွိေနခြင့္ရတဲ့ အတြက္ အရာရာကိုေက်းဇူးတင္ပါတယ္” ဆိုၿပီး သူ႔ရဲ့လူမႈကြန္ယက္ေပၚမွာ ေရးသားထားတာပဲျဖစ္ပါတယ္။ သူ႔ရဲ့ ပရိသတ္ေတြကလည္း Happy Anniversary ပါကိုအာဇာနည္ ခ်စ္တဲ့မိသားစုနဲ႔အတူ ေပ်ာ္ရႊင္ဖြယ္ ေန႔ရက္ေပါင္းမ်ားစြာကို ပိုင္ဆိုင္နိုင္ပါေစ ဆိုၿပီး ဆုေတာင္းေပးထားၾကပါတယ္။

Credit….