


Source: Wine Su’s fb

UNICODE

ပရိသတ် တွေချစ်ကြတဲ့ သရုပ်ဆောင် နဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း ကတော့ အနုပညာ သက်တမ်း ဆယ်နှစ် ကျော်တိုင် အောင်မြင်မှု ရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သူလေးက ချစ်စရာ ကောင်းသလို သီချင်းဆို လည်းတော်တဲ့ ဝိုင်းစုခိုင်သိန်း က နောက်ပိုင်း မှာတော့ သရုပ်ဆောင် တစ်ယောက် ထက် အဆိုတော် တစ်ယောက်အဖြစ်သာ ရပ်တည် လာခဲ့တာပဲ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်း ကတော့ ဂီတ ထူးချွန်ဆုတွေ များစွာကို သိမ်းပိုက်ပြီး ဂီတ လောက ရဲ့ လူကြိုက်များတဲ့ အဆိုတော် တစ်ယောက်အဖြစ် အောင်မြင်မှုတွေ အကြီးအကျယ် ရရှိနေတာပဲ ဖြစ်ပါတယ်။

မနက်ဖြန် ဒီဇင်ဘာလ (၂၄) ရက်နေ့ ကတော့ ဝိုင်းစုခိုင်သိန်း ရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်း က သူမရဲ့ မွေးနေ့တိုင်းမှာ ချစ်ရသူ တွေနဲ့ ပရိသတ်တွေဆီက ထူးထူး ခြားခြား လက်ဆောင်တွေ ရရှိခဲ့သလို ဒီနှစ်မွေးနေ့ကတော့ အထူးခြားဆုံး ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဝိုင်းစုခိုင်သိန်း ကို ချစ်ကြတဲ့ ပရိသတ်တွေက ဝိုင်းစုခိုင်သိန်း ရဲ့နာမည်လေးကို သေရာပါ တက်တူးထိုးပေးခဲ့တာကြောင့် ဝိုင်းစုက “ချစ်တဲ့သူတွေက Birthday presents တစ်ဘဝစာ အမှတ်ပါပဲ အရမ်းပျော်တယ်။ အရမ်း လည်းချစ်တယ် အားလုံးကို😘😘😘” ဆိုပြီး အပျော် တွေနဲ့ မျှဝေပေးလာခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်း ကတော့ ပရိသတ်တွေ ဆီက သေရာပါ အမှတ်ရနေမယ့် မွေးနေ့ လက်ဆောင်လေးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဝိုင်းစု ကတော့ ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခံရတဲ့ အဆိုတော် ၊ မင်းသမီးလေး ဖြစ်နေတာ အားကျစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ( Cele Connections ) ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wine Su’s fb
Bilie – Cele Connections