Examplez ထြန္းထြန္း ဆိုၿပီး တစ္ခ်ိန္က ပရိသတ္ေတြ သည္းသည္းလႈပ္ အားေပး ၾကတဲ့ ထြန္းထြန္း ကေတာ့ သီခ်င္းဆို ေကာင္း႐ုံ သာမက သ႐ုပ္ေဆာင္လည္း ကၽြမ္းက်င္သူ တစ္ေယာက္ ျဖစ္ပါတယ္။ ထြန္းထြန္း ကေတာ့ ဂီတနဲ႔ ပက္သတ္ၿပီး ေအာင္ျမင္မႈ မွတ္တိုင္ေတြမ်ားစြာကို စိုက္ထူနိုင္ခဲ့ သလို ၿပီးခဲ့တဲ့ (၂၀၁၆) ခုႏွစ္ကလည္း “အုတ္ၾကားျမက္ေပါက္” ႐ုပ္ရွင္ ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ဆုကို ရရွိ ပိုင္ဆိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ထြန္းထြန္း ကလည္း သူ႔ကို ခ်စ္ခင္ အားေပးၾကတဲ့ ပရိသတ္ေတြအတြက္ ဂီတ ၊ ႐ုပ္ရွင္ နယ္ပယ္ ႏွစ္ခုစလုံးမွာ လစ္ဟင္း မႈမရွိေအာင္ အေကာင္းဆုံး ႀကိဳးစား တင္ဆက္ ေဖ်ာ္ေျဖေပးေနသူတစ္ေယာက္ ပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ (၂၄) ရက္ေန႔က ေတာ့ ပရိသတ္ႀကီး ခ်စ္ၾကတဲ့ အကယ္ဒမီ ထြန္းထြန္း ရဲ့ ေမြးေန႔ရက္ ျမတ္ေလးပဲ ျဖစ္ပါတယ္။ (၁၉၈၃) ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ ထြန္းထြန္းက ဒီေန႔မွာ ေတာ့ သူ႔ရဲ့ အသက္ (၃၇) ႏွစ္ေျမာက္ ေမြးေန႔ ကို ျဖတ္သန္းရမွာပဲ ျဖစ္ပါတယ္။ ထြန္းထြန္း ကေတာ့ အသက္တစ္ႏွစ္ ႀကီးလာတဲ့ သူ႔ရဲ့ေမြးေန႔မွာ အရင္အတိုင္း လူပ်ိဳ ႀကီးအျဖစ္ ဆက္လက္ရွိေနၿပီး အိမ္ေထာင္ျပဳမယ့္ အေရးကို မစဥ္းစားေသး ကာ တစ္ကိုယ္တည္း ေနထိုင္ေနဆဲ ျဖစ္ပါတယ္။

ထြန္းထြန္း ကေတာ့ (၃၇) ႏွစ္ဆိုတဲ့ အရြယ္ကို ေရာက္လာခဲ့ၿပီ ျဖစ္ေပမယ့္ မိန္းကေလး ပရိသတ္ေတြ ရဲ့ အားေပးမႈကို မေလ်ာ့စတမ္း ရရွိေနၿပီး ပ်ိဳတိုင္း ႀကိဳက္တဲ့ ႏွင္းဆီခိုင္ ဘြဲ႕ကို ဆက္လက္ ထိန္းသိမ္း ထားနိုင္ဆဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ဒီကေန႔ရဲ့ ေမြးေန႔ရွင္ ထြန္းထြန္း အတြက္ အမွတ္တရ ေမြးေန႔ဆုေတာင္းစကားေလး ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈ ေပးၾကတဲ့ ( Cele Connections ) ပရိသတ္ႀကီး အားလုံး လည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္။

Source: Htin Aung Tun’s fb
Bilie – Cele Connections

UNICODE

Examplez ထွန်းထွန်း ဆိုပြီး တစ်ချိန်က ပရိသတ်တွေ သည်းသည်းလှုပ် အားပေး ကြတဲ့ ထွန်းထွန်း ကတော့ သီချင်းဆို ကောင်းရုံ သာမက သရုပ်ဆောင်လည်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပါတယ်။ ထွန်းထွန်း ကတော့ ဂီတနဲ့ ပက်သတ်ပြီး အောင်မြင်မှု မှတ်တိုင်တွေများစွာကို စိုက်ထူနိုင်ခဲ့ သလို ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်ကလည်း “အုတ်ကြားမြက်ပေါက်” ရုပ်ရှင် ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိ ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထွန်းထွန်း ကလည်း သူ့ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေအတွက် ဂီတ ၊ ရုပ်ရှင် နယ်ပယ် နှစ်ခုစလုံးမှာ လစ်ဟင်း မှုမရှိအောင် အကောင်းဆုံး ကြိုးစား တင်ဆက် ဖျော်ဖြေပေးနေသူတစ်ယောက် ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့က တော့ ပရိသတ်ကြီး ချစ်ကြတဲ့ အကယ်ဒမီ ထွန်းထွန်း ရဲ့ မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ်။ (၁၉၈၃) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ထွန်းထွန်းက ဒီနေ့မှာ တော့ သူ့ရဲ့ အသက် (၃၇) နှစ်မြောက် မွေးနေ့ ကို ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်။ ထွန်းထွန်း ကတော့ အသက်တစ်နှစ် ကြီးလာတဲ့ သူ့ရဲ့မွေးနေ့မှာ အရင်အတိုင်း လူပျို ကြီးအဖြစ် ဆက်လက်ရှိနေပြီး အိမ်ထောင်ပြုမယ့် အရေးကို မစဉ်းစားသေး ကာ တစ်ကိုယ်တည်း နေထိုင်နေဆဲ ဖြစ်ပါတယ်။

ထွန်းထွန်း ကတော့ (၃၇) နှစ်ဆိုတဲ့ အရွယ်ကို ရောက်လာခဲ့ပြီ ဖြစ်ပေမယ့် မိန်းကလေး ပရိသတ်တွေ ရဲ့ အားပေးမှုကို မလျော့စတမ်း ရရှိနေပြီး ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဘွဲ့ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် ထွန်းထွန်း အတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှု ပေးကြတဲ့ ( Cele Connections ) ပရိသတ်ကြီး အားလုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Source: Htin Aung Tun’s fb
Bilie – Cele Connections