


UNICODE

အဆိုတော် Rဇာနည် ကတော့ သားကောင်း ရတနာ သမီးကောင်း ရတနာလေး တွေကို ပိုင်ဆိုင်ထားသူပါ။ အနုပညာ လောကမှာ အောင်မြင်ရုံ သာမကပဲ သာယာပျော်ရွှင်ပြီး စည်းလုံးတဲ့ မိသားစု ဘဝလေးကိုပါ တည်ဆောက် ထားနိုင်သူလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ကိုလည်း မလှစ်ဟင်းရ အောင် အမြဲအသစ် အသစ်တွေ ဖန်တီးနေတဲ့ Rဇာနည် ရဲ့ သီချင်းတွေ ကလည်း ပရိသတ် ရင်ထဲ စွဲထင် နေတာကို တွေ့ရပါတယ်။

အနုပညာ လှုပ်ရှားမှု အားလပ်ချိန်လေးတွေ မှာတော့ Rဇာနည်က မိသားစုကို ဂရုစိုက်အချိန် ပေးတာဖြစ်ပြီး သားသမီးတွေ ကိုလည်း လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမတတ်သူပါ။ အရွယ်ငယ်ငယ် လေးတွေ ဖြစ်ပေမယ့် ဘာသာတရား ကိုင်းရှိုင်းပြီး ဘုရားစာ ကို အလွတ် ဆိုနိုင်တဲ့ သားသားလေး တွေကြောင့်လည်း အမြဲ ဂုဏ်ယူနေရ တာကို တွေ့ရပါတယ်။

ယခုမှာလည်း အသက် ၃ နှစ်ပြည့်တော့မယ့် သားသားလေး ချစ်ချစ်က ” မနက်ဖန် ချစ်ချစ် လေး ၃ နှစ်ပြည့်မွေးနေ့ မနက် ဘုန်းဘုန်း ဆွမ်းကပ်မယ် ဘုရားရှိခိုးပြီး အိပ်တော့ မယ်နော် အရဟံ ဗဟိအန်တဇယံ သုဂတံ အမိတံ ဝိရဇံ လလိတံ အတုလံ စရဏံ တိဘဝူပသမံ ယမကံ သုခဒံ သရဏံ ပဏာမာမိ ဇိနံ” ဆိုတဲ့ စာသားလေးနဲ့အတူ မပီကလာ အသံ​လေးနဲ့ အသည်းယာစရာ ကောင်းလောက်အောင် ဘုရား စာရွတ်နေတဲ့ ဗီဒီယိုလေးကို တင်ပေး လာတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….။