ယဥ္စစေလး နဲ႔ မိန္းကေလး ဆန္လြန္း လွတဲ့ အသြင္အျပင္ ေလးကို ပိုင္ဆိုင္ ထားသူတစ္ဦး ျဖစ္တဲ့ အလွမယ္ မ်ိဳးကိုကိုစန္း ကေတာ့ သူမ ယုံၾကည္ရာ လမ္းအတိုင္း ရဲရဲ ဝံ့ဝံ့ ေရွ႕ဆက္ ေနတဲ့ စိတ္ဓါတ္ ခိုင္မာသူ ေလးတစ္ဦးပါ။ Transgander တစ္ေယာက္ ျဖစ္တဲ့ မ်ိဳးကိုကိုစန္း ကေတာ့ လက္ရွိမွာ သူအလိုခ်င္ ဆုံးဘဝကို ရရွိသြား ခဲ့သလို သူအျဖစ္ခ်င္ဆုံး လမ္းေၾကာင္းေပၚ ေလၽွာက္လွမ္းေနသူ တစ္ေယာက္ဆိုလည္း မမွားပါဘူး။ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္က Dancing With The Stars အစီအစဥ္မွာ ပါဝင္ခဲ့ ဖူးတဲ့ မ်ိဳးကိုကိုစန္း က သူ႔ရဲ့ အျပဳအမူ တစ္ခုေၾကာင့္ ပရိသတ္ ေတြရဲ့ ေဝဖန္မႈကို ျပင္းျပင္း ထန္ထန္ခံ ခဲ့ရၿပီး ထိုေဝဖန္မႈ က ဒီေန႔ဒီအခ်ိန္ထိ ခံေနရဆဲ ျဖစ္တဲ့ အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။

“ဒီကိစၥေတြ ကို အစျပန္ မေဖာ္ခ်င္ေပမယ့္ တစ္ခါတည္း ရွင္းေအာင္ ေျပာလိုက္ပါဦးမယ္။ DWTS မွာ တြဲဖက္ ပါတနာအေပၚကို မိုက္ရိုင္းလို႔ ဆိုၿပီး ေတာ္ေတာ္မ်ားမ်ား ေဝဖန္ခဲ့ ၾကဖူးတယ္။ ဒါေပမယ့္ အဲ့ဒီတုန္းက ေဝဖန္တာကိုလည္း ခံခဲ့သလို တြဲဖက္ပါတနာ အေပၚကိုလည္း အဲ့ကတည္း က လြန္သြားတာရွိရင္ ေတာင္းပန္ပါတယ္ ဆိုၿပီး ေတာင္းပန္ၿပီးသား ကိုယ့္ရဲ့ အျပဳအမူ ပိုင္းမေကာင္းျဖစ္ခဲ့တဲ့ အတြက္ေၾကာင့္ အဲ့ဒီေနာက္ပိုင္း အလားတူ ျဖစ္ရပ္မ်ိဳး မျဖစ္ေအာင္ ေနခဲ့တယ္ ဆင္ျခင္ခဲ့ ပါတယ္။ ”

“ကိုယ္မွား ခဲ့တဲ့ ကိစၥမို႔ ကၽြန္မလုပ္တာ မဟုတ္ပါဘူးလို႔လည္း မျငင္းခဲ့ သလို အဲ့ဒီလိုပုံစံမ်ိဳး ထပ္မျဖစ္ေအာင္လည္း ေနခဲ့ တယ္ေလ။ ဒီေလာက္ဆို ေတာ္သင့္ၿပီမဟုတ္ဘူးလား။ ကိုယ္ မွားခဲ့တဲ့ အမွား မ်ိဳး ထပ္မမွားေအာင္ ေနတယ္ေလ ဒါကိုမလုံေလာက္ဘူးလား? Screen ေပၚမွာ ၅ မိနစ္ေလာက္ မိုက္ရိုင္း မိတာနဲ႔ အျပင္မွာ အဲ့လို ယုတ္မ ယမိုက္ရိုင္းေနတဲ့သူမဟုတ္ပါဘူး။ ဒီေလာက္ နဲ႔ ပဲ ေတာ္ၾကပါေတာ့ Please” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ရင္ဖြင့္ လာတာပဲ ျဖစ္ပါတယ္။မ်ိဳးကိုကိုစန္း ကေတာ့ Dancing With The Stars အစီအစဥ္ မွာ တြဲဖက္ပါတနာ Hi အေပၚကို ရည္ရြယ္ ေျပာဆိုတာ မ်ိဳးမရွိပဲ ခဏတာစိတ္ အခန႔္အသင့္ မျဖစ္ခဲ့တာေၾကာင့္ ရိုင္းသလို အျပဳအမူျဖစ္သြားခဲ့တာ ပရိသတ္ႀကီး အားလုံးသိၿပီးသား ျဖစ္မွာပါ။ ဖတ္ရႈ ေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Myo Ko Ko San’s fb
Bilie – Cele Connections

UNICODE

ယဉ်စစလေး နဲ့ မိန်းကလေး ဆန်လွန်း လှတဲ့ အသွင်အပြင် လေးကို ပိုင်ဆိုင် ထားသူတစ်ဦး ဖြစ်တဲ့ အလှမယ် မျိုးကိုကိုစန်း ကတော့ သူမ ယုံကြည်ရာ လမ်းအတိုင်း ရဲရဲ ဝံ့ဝံ့ ရှေ့ဆက် နေတဲ့ စိတ်ဓါတ် ခိုင်မာသူ လေးတစ်ဦးပါ။ Transgander တစ်ယောက် ဖြစ်တဲ့ မျိုးကိုကိုစန်း ကတော့ လက်ရှိမှာ သူအလိုချင် ဆုံးဘဝကို ရရှိသွား ခဲ့သလို သူအဖြစ်ချင်ဆုံး လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က Dancing With The Stars အစီအစဉ်မှာ ပါဝင်ခဲ့ ဖူးတဲ့ မျိုးကိုကိုစန်း က သူ့ရဲ့ အပြုအမူ တစ်ခုကြောင့် ပရိသတ် တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်း ထန်ထန်ခံ ခဲ့ရပြီး ထိုဝေဖန်မှု က ဒီနေ့ဒီအချိန်ထိ ခံနေရဆဲ ဖြစ်တဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ဒီကိစ္စတွေ ကို အစပြန် မဖော်ချင်ပေမယ့် တစ်ခါတည်း ရှင်းအောင် ပြောလိုက်ပါဦးမယ်။ DWTS မှာ တွဲဖက် ပါတနာအပေါ်ကို မိုက်ရိုင်းလို့ ဆိုပြီး တော်တော်များများ ဝေဖန်ခဲ့ ကြဖူးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဝေဖန်တာကိုလည်း ခံခဲ့သလို တွဲဖက်ပါတနာ အပေါ်ကိုလည်း အဲ့ကတည်း က လွန်သွားတာရှိရင် တောင်းပန်ပါတယ် ဆိုပြီး တောင်းပန်ပြီးသား ကိုယ့်ရဲ့ အပြုအမူ ပိုင်းမကောင်းဖြစ်ခဲ့တဲ့ အတွက်ကြောင့် အဲ့ဒီနောက်ပိုင်း အလားတူ ဖြစ်ရပ်မျိုး မဖြစ်အောင် နေခဲ့တယ် ဆင်ခြင်ခဲ့ ပါတယ်။ ”

“ကိုယ်မှား ခဲ့တဲ့ ကိစ္စမို့ ကျွန်မလုပ်တာ မဟုတ်ပါဘူးလို့လည်း မငြင်းခဲ့ သလို အဲ့ဒီလိုပုံစံမျိုး ထပ်မဖြစ်အောင်လည်း နေခဲ့ တယ်လေ။ ဒီလောက်ဆို တော်သင့်ပြီမဟုတ်ဘူးလား။ ကိုယ် မှားခဲ့တဲ့ အမှား မျိုး ထပ်မမှားအောင် နေတယ်လေ ဒါကိုမလုံလောက်ဘူးလား? Screen ပေါ်မှာ ၅ မိနစ်လောက် မိုက်ရိုင်း မိတာနဲ့ အပြင်မှာ အဲ့လို ယုတ်မ ယမိုက်ရိုင်းနေတဲ့သူမဟုတ်ပါဘူး။ ဒီလောက် နဲ့ ပဲ တော်ကြပါတော့ Please” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့် လာတာပဲ ဖြစ်ပါတယ်။မျိုးကိုကိုစန်း ကတော့ Dancing With The Stars အစီအစဉ် မှာ တွဲဖက်ပါတနာ Hi အပေါ်ကို ရည်ရွယ် ပြောဆိုတာ မျိုးမရှိပဲ ခဏတာစိတ် အခန့်အသင့် မဖြစ်ခဲ့တာကြောင့် ရိုင်းသလို အပြုအမူဖြစ်သွားခဲ့တာ ပရိသတ်ကြီး အားလုံးသိပြီးသား ဖြစ်မှာပါ။ ဖတ်ရှု ပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Myo Ko Ko San’s fb
Bilie – Cele Connections