ပရိတ်သတ်ကြီးရေ….ဖေ့စ်ဘုတ် ဆယ်လီ ကျော်ကျော်နန္ဒ ကတော့ နွေဦး တော်လှန်ရေး တိုက်ပွဲကြီးမှာ လမ်းပေါ် ထွက်လှုပ်ရှားမှု တွေ ပြုလုပ်ပြီး ပြည်သူတွေ နဲ့အတူ လက်တွဲပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့ အတွက် ပါဝင်အားဖြည့်ခဲ့ သူပဲ ဖြစ်ပါတယ်..။တတ်နိုင် သလောက် အင်တိုက် အားတိုက် ပါဝင်ခဲ့တဲ့​ ကျော်ကျော်နန္ဒကတော့ ၅၀၅ ( က ) ဖြင့် အမှုဖွင့် အရေးယူခံ ထားရတာ ကြောင့် လတ်တလော မှာ ရှောင်ပုန်း နေရပြီး နေရေး စားရေး အခက်အခဲတွေ နဲ့ ကြုံတွေ့နေ ရကာ အကူအညီတွေ တောင်းခံ လာပါတယ်..။

“ရှောင်ပုန်းနေရတဲ့ ဘဝမှာ နေစရာ စားစရာ ခက်ခဲ လာတယ်ဗျာ တကယ်ကူညီချင်တဲ့ သူတွေရှိမှာပါ Wave money- 09400400010
KBZ pay – 09788880070 KBZ Account No- 21430199911580301..” ဆိုပြီး ရေးသား အကူအညီ တောင်း ပြောပြထားတာ ဖြစ်ပါတယ်..။အဲ့ဒီပို့စ်အောက်မှာတော့ ကျော်ကျော်နန္ဒက အခက်အခဲ ဖြစ်နေလို့ သူကိုယ်တိုင် အကူအညီ တောင်းထားတာ ဖြစ်ပြီး Acc အဟက်ခံ ရတာ မဟုတ်တဲ့ အကြောင်းနဲ့ ကျေးဇူးတင် စကားကို လည်း ဆိုထား ပါသေး တယ်..။

ပြည်သူ့ ပရိသတ်တွေ ကလည်း အရင်ကတော့ ကျော်ကျော်နန္ဒ ကို ဝေဖန် အပြစ်တင် ပြောဆို ကြပေမယ့် အချိန်မှာ အားပေး ဝန်းရံပေးပြီး တတ်နိုင် သလောက် ကူညီ နေကြတာကို လည်း တွေ့ရပါတယ်..။ကျော်ကျော်နန္ဒ က တော့ အခုလို ဒုက္ခရောက်ပြီး အကူအညီ လိုအပ်နေတဲ့ အချိန်မှာ ကူညီပေး ကြသူတွေ ငို သူလွတ်မြောက်လာတဲ့ တစ်နေ့ကျရင် Fb Page ကနေ Live လွှင့် ပေးသွားမယ် ဆိုပြီးတော့လည်း ပြောပြ ထားပါတယ်..။ဖတ်ရှု့ပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲကျေးဇူးတင်ရှိ ပါတယ်။

Source: Kknd-L ကျော်ကျော်နန္ဒ Fb Page

ZAWGYI



