ပရိတ္သတ္ ႀကီးေရ အခုလက္ တေလာ ျဖစ္ေပၚေနတဲ့ အေျခအေန ေတြ နဲ႔ပတ္သက္ၿပီး ဒီရက္ပိုင္း အတြင္းမွာ အႏုပညာရွင္ မ်ားစြာ နဲ႔ လူပုဂၢဳလ္ ေတာ္ေတာ္မ်ားမ်ား ဖမ္းဆီးခံရျခင္း ၊ ဝရမ္းထုတ္ခံရ ျခင္းေတြကို အဆက္မျပတ္ ျဖစ္ေပၚ ေနတာေၾကာင့္ ပရိတ္သတ္ေတြ ကလည္းမ်ားစြာ စိတ္မေကာင္း ျဖစ္ေနၾကတာ ပဲျဖစ္ပါတယ္ေနာ္…။႐ုပ္ရွင္ သ႐ုပ္ေဆာင္ ေအးျမတ္သူ အပါအဝင္ သီဟထြန္း၊ ေအာင္ခန႔္မႉး၊ ရီမြန္ခိုင္၊ ေပါက္စီ ၊ ယမင္းေရႊရည္၊ မႉးသက္ေအာင္၊ သိဂီ၊ ထြန္းနိုင္လင္း၊ မ်ိဳးမင္းသိုက္၊ အိမ့္မ်က္ခ်ယ္၊ ေက်ာ္ေက်ာ္မင္းလွိုင္၊ သန္းထက္မန္း၊ စႏၵာလမင္းထြန္း ၊ ေအာင္သက္ပိုင္၊ နိုင္စစ္ေအာင္၊ ဟန္ထူးေဇာ္ဇာနည္ေက်ာ္ ေဟမာစိုးႏွင့္ ေက်ာ္သူလင္းတို႔ကို ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ထားေၾကာင္း ထုတ္ျပန္ ေၾကညာ သြားပါတယ္။

႐ုပ္ရွင္ သ႐ုပ္ေဆာင္ ေအးျမတ္သူ ကေတာ့ လက္ရွိ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြ နဲ႔ ထပ္တူ ရပ္တည္ ေနသူပဲ ျဖစ္ပါတယ္..။ဒါ့အျပင္ သူမ ရဲ့ အေကာင့္က ေနလည္း ျမန္မာနိုင္ငံမွာ ေန႔စဥ္ျဖစ္ပ်က္သ မၽွေတြကို ကမၻာ သိေအာင္ အခ်ိန္ နဲ႔ တစ္ေျပး ညီေဖာ္ျပေပးခဲ့ သလို အေရးႀကီး လိုက္နာသင့္ တဲ့ သတင္း အခ်က္အလက္ေတြ ကို လည္း ေဝမၽွေပးခဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။သ႐ုပ္ေဆာင္ ေအးျမတ္သူကေတာ့ ၿပီးခဲ့တဲ့လ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကတည္းက ျပည္သူအားလုံး စတင္ခဲ့တဲ့ ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ လမ္းေပၚ ထြက္လူထု လႈပ္ရွားမႈ ေတြ ျပဳလုပ္ၿပီး ျပည္သူေတြ နဲ႔ အတူ အားျဖည့္ ပါဝင္ေနတာလည္း ေတြ႕ရပါတယ္..။

ဒီရက္ပိုင္း အတြင္းမွာ လည္း နာမည္ႀကီး အႏုပညာ ရွင္ ေတြျဖစ္တဲ့ ေျပတီဦး ရဲတိုက္ ၊ ပိုင္တံခြန္ ၊ ဇာဂနာ၊ ဝင္းမင္းသန္း အိျႏၵာေက်ာ္ဇင္ တို႔လည္း ဖမ္းဆီးထိန္း သိမ္းျခင္းကို ခံခဲ့ ရကာ သ႐ုပ္ေဆာင္ ဇင္ဝိုင္း ႏွင့္ အဆိုေတာ္ ပိုပို တို႔ကိုလည္း ဖမ္းဆီး ထိန္းသိမ္း ခဲ့ၿပီပဲျဖစ္ပါတယ္။တကယ့္ နာမည္ေက်ာ္ အႏုပညာရွင္မ်ားစြာ လည္း ဝရမ္း ထုတ္ခံ ထားရတဲ့ အတြက္ ထြက္ေျပး တိမ္းေရွာင္ ေနရတာ လည္း ျဖစ္ပါ တယ္ေနာ္.။ပုဒ္မ ၅၀၅ (က) ျဖင့္ အေရးယူခံထားရတဲ့ အႏုပညာရွင္ေတြရဲ့ စာရင္းကို ေန႔စဥ္ ထုတ္ျပန္လ်က္ ရွိ ရာ ဒီက ေန႔မွာေတာ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအးျမတ္သူ လည္း ပါဝင္လာ တာျဖစ္ပါတယ္။

Credit : Famous Stars

UNICODE

ပရိတ်သတ် ကြီးရေ အခုလက် တလော ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ နဲ့ပတ်သက်ပြီး ဒီရက်ပိုင်း အတွင်းမှာ အနုပညာရှင် များစွာ နဲ့ လူပုဂ္ဂုလ် တော်တော်များများ ဖမ်းဆီးခံရခြင်း ၊ ဝရမ်းထုတ်ခံရ ခြင်းတွေကို အဆက်မပြတ် ဖြစ်ပေါ် နေတာကြောင့် ပရိတ်သတ်တွေ ကလည်းများစွာ စိတ်မကောင်း ဖြစ်နေကြတာ ပဲဖြစ်ပါတယ်နော်…။ရုပ်ရှင် သရုပ်ဆောင် အေးမြတ်သူ အပါအဝင် သီဟထွန်း၊ အောင်ခန့်မှူး၊ ရီမွန်ခိုင်၊ ပေါက်စီ ၊ ယမင်းရွှေရည်၊ မှူးသက်အောင်၊ သိဂီ၊ ထွန်းနိုင်လင်း၊ မျိုးမင်းသိုက်၊ အိမ့်မျက်ချယ်၊ ကျော်ကျော်မင်းလှိုင်၊ သန်းထက်မန်း၊ စန္ဒာလမင်းထွန်း ၊ အောင်သက်ပိုင်၊ နိုင်စစ်အောင်၊ ဟန်ထူးဇော်ဇာနည်ကျော် ဟေမာစိုးနှင့် ကျော်သူလင်းတို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန် ကြေညာ သွားပါတယ်။

ရုပ်ရှင် သရုပ်ဆောင် အေးမြတ်သူ ကတော့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့ ထပ်တူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။ဒါ့အပြင် သူမ ရဲ့ အကောင့်က နေလည်း မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်ပျက်သ မျှတွေကို ကမ္ဘာ သိအောင် အချိန် နဲ့ တစ်ပြေး ညီဖော်ပြပေးခဲ့ သလို အရေးကြီး လိုက်နာသင့် တဲ့ သတင်း အချက်အလက်တွေ ကို လည်း ဝေမျှပေးခဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။သရုပ်ဆောင် အေးမြတ်သူကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ လမ်းပေါ် ထွက်လူထု လှုပ်ရှားမှု တွေ ပြုလုပ်ပြီး ပြည်သူတွေ နဲ့ အတူ အားဖြည့် ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ဒီရက်ပိုင်း အတွင်းမှာ လည်း နာမည်ကြီး အနုပညာ ရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက် ၊ ပိုင်တံခွန် ၊ ဇာဂနာ၊ ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် တို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ ရကာ သရုပ်ဆောင် ဇင်ဝိုင်း နှင့် အဆိုတော် ပိုပို တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီပဲဖြစ်ပါတယ်။တကယ့် နာမည်ကျော် အနုပညာရှင်များစွာ လည်း ဝရမ်း ထုတ်ခံ ထားရတဲ့ အတွက် ထွက်ပြေး တိမ်းရှောင် နေရတာ လည်း ဖြစ်ပါ တယ်နော်.။ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ် ထုတ်ပြန်လျက် ရှိ ရာ ဒီက နေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ လည်း ပါဝင်လာ တာဖြစ်ပါတယ်။

Credit : Famous Stars