သုံးထပ္ကြမ္း အကယ္ဒမီ ဆုရွင္ေလး ေဖြးေဖြး ကေတာ့ ျမန္မာနိုင္ငံ မွာ အေအာင္ျမင္ ဆုံးေသာ မင္းသမီးေတြ ထဲက တစ္ဦးျဖစ္ တဲ့အျပင္ သူမ ရဲ့ အႏုပညာအေပၚထားရွိတဲ့ စိတ္ေၾကာင့္ ခ်စ္ၾကတဲ့ ပရိသတ္ေတြ တစ္ေန႔ တစ္ျခား ပိုပိုၿပီး မ်ားလာ သူေလးပဲ ျဖစ္ပါတယ္။ ေဖြးေဖြး ကေတာ့ ထိပ္တန္း မင္းသမီးတစ္ေယာက္ပီပီ ႏွစ္စဥ္ ႏွစ္တိုင္း လိုလို အႏုပညာ လႈပ္ရွားမႈေတြ ဆက္တိုက္ ဆိုသလို လုပ္ကိုင္ခဲ့ ရေပမယ့္ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္ကေတာ့ ကားအက္ဆီ ဒင့္ဒဏ္ရာေၾကာင့္ အခ်ိန္ အေတာ္မ်ားမ်ား အနားယူခဲ့ ရသလို ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္မွာေတာ့ ကပ္ေရာဂါဆိုးႀကီး ေၾကာင့္ တစ္ႏွစ္ လုံးနီးပါးကို ႐ုပ္ရွင္ ရိုက္ကူးျခင္းေတြ ရပ္နားခဲ့ ရတာပဲ ျဖစ္ပါတယ္။

႐ုပ္ရွင္ ရိုက္ကူးျခင္းေတြ ရပ္နားထားေပ မယ့္ ခ်စ္ရတဲ့ မိသားစု ေတြ၊ မိတ္ေဆြသူငယ္ခ်င္း ေတြနဲ႔ အတူတူရွိဖို႔ အခ်ိန္ေတြ ပိုရလာတဲ့ ေဖြးေဖြး က အားလပ္ခ်ိန္ေတြကို အက်ိဳးရွိရွိ ျဖတ္သန္း ကုန္ဆုံးေနတာ ျဖစ္ပါတယ္။ ဒီကေန႔မွာ လည္း ေဖြးေဖြးက ကိုယ့္ကို ကိုယ္ မင္းသမီး ဆိုတာကို ေမ့ထားၿပီး ေစ်းသြားတဲ့ ေမေမ့ေနာက္လိုက္ကာ ေစ်းျခင္း ေတာင္းဆြဲ ကူေပးခဲ့ၿပီး အေမနဲ႔ ဒီလိုေစ်းဝယ္ မထြက္ရတာ (၇) ႏွစ္္နီးပါးရွိခဲ့ၿပီ လို႔ ေျပာျပလာပါတယ္။

ေဖြးေဖြး ကေတာ့ သမီးမိန္းကေလး တစ္ေယာက္ပီပီ အေမနဲ႔ ေစ်းသြားဝယ္ၿပီး ငယ္ငယ္က အမွတ္တရ အခ်ိဳ႕ကို ဖန္တီးနိုင္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ရိုးရွင္း လြန္းတဲ့ဘဝကို ပိုမို မက္ေမာတဲ့ ေဖြးေဖြး ကို ပိုလို႔ေတာင္ ခ်စ္သြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Phway Phways fb
Bilie – Cele Connections

UNICODE

သုံးထပ်ကွမ်း အကယ်ဒမီ ဆုရှင်လေး ဖွေးဖွေး ကတော့ မြန်မာနိုင်ငံ မှာ အအောင်မြင် ဆုံးသော မင်းသမီးတွေ ထဲက တစ်ဦးဖြစ် တဲ့အပြင် သူမ ရဲ့ အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ ပရိသတ်တွေ တစ်နေ့ တစ်ခြား ပိုပိုပြီး များလာ သူလေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေး ကတော့ ထိပ်တန်း မင်းသမီးတစ်ယောက်ပီပီ နှစ်စဉ် နှစ်တိုင်း လိုလို အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် ဆိုသလို လုပ်ကိုင်ခဲ့ ရပေမယ့် ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်ကတော့ ကားအက်ဆီ ဒင့်ဒဏ်ရာကြောင့် အချိန် အတော်များများ အနားယူခဲ့ ရသလို ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာတော့ ကပ်ရောဂါဆိုးကြီး ကြောင့် တစ်နှစ် လုံးနီးပါးကို ရုပ်ရှင် ရိုက်ကူးခြင်းတွေ ရပ်နားခဲ့ ရတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင် ရိုက်ကူးခြင်းတွေ ရပ်နားထားပေ မယ့် ချစ်ရတဲ့ မိသားစု တွေ၊ မိတ်ဆွေသူငယ်ချင်း တွေနဲ့ အတူတူရှိဖို့ အချိန်တွေ ပိုရလာတဲ့ ဖွေးဖွေး က အားလပ်ချိန်တွေကို အကျိုးရှိရှိ ဖြတ်သန်း ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ ဒီကနေ့မှာ လည်း ဖွေးဖွေးက ကိုယ့်ကို ကိုယ် မင်းသမီး ဆိုတာကို မေ့ထားပြီး စျေးသွားတဲ့ မေမေ့နောက်လိုက်ကာ စျေးခြင်း တောင်းဆွဲ ကူပေးခဲ့ပြီး အမေနဲ့ ဒီလိုစျေးဝယ် မထွက်ရတာ (၇) နှစ််နီးပါးရှိခဲ့ပြီ လို့ ပြောပြလာပါတယ်။

ဖွေးဖွေး ကတော့ သမီးမိန်းကလေး တစ်ယောက်ပီပီ အမေနဲ့ စျေးသွားဝယ်ပြီး ငယ်ငယ်က အမှတ်တရ အချို့ကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုးရှင်း လွန်းတဲ့ဘဝကို ပိုမို မက်မောတဲ့ ဖွေးဖွေး ကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Phway Phways fb
Bilie – Cele Connections