



unicode

ပရိသတ်ကြီးရေ မင်းသားချော တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်း ဦးကတော့ အနုပညာလောကမှာ ဝါရင့်မင်းသားကြီးတစ်လက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။မင်းဦးက ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီး ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။မင်းဦးက အရမ်းချစ်ရတဲ့ဇနီးချောလေးကိုလည်း ပိုင်ဆိုင်ထားပြီး နှစ်ယောက် တစ်ဘဝမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွ ာနေထိုင်နေတာဖြစ်ပါတယ်နော်။

မင်းဦးက သက်ရှိထင်ရှားရှိ နေတဲ့မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောင်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။မင်းဦးရဲ့ဖေဖေ နဲ့ မေမေကတော့ အသက်(၈၀)ကျော်အရွယ်ရောက်ရှိနေကြပေမယ့် ကျန်းမာသန်စွမ်း နေတုန်းပဲဖြစ်ပါတယ်။(၂၃.၁.၂၀၂၁)ရက်နေ့တုန်းကဆိုရင် မင်းဦးရဲ့မိခင်က အသက်(၈၁)နှစ်ပြည့်သွားတာဖြစ်လို့ အလှူအတန်း တွေလုပ်ပြီး ဖြတ်သန်းခဲ့တာဖြစ်ပါတယ်နော်။မင်းဦးကလည်း”Happy Birthday ပါအမေ (၈၁)နှစ်ပြည့် မွေးနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နောက်နှစ်ပေါင်းများစွာ သားသမီးမြေး မြစ်တွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ အမေ”ဆိုပြီး မွေးနေ့ဆု တောင်းလေး ရေးပေးထားတာဖြစ်ပါတယ်။

မင်းဦးရဲ့မိဘနှစ်ပါးလုံးက အခုအရွယ်ထိလည်း နုပျိုလှပပြီး ချောနေကြဆဲဖြစ်ပါတယ်နော်။မင်းဦးရဲ့ ဖေဖေကတော့ ငယ်ငယ်ကတည်းက ခန့်ညားတဲ့သူဖြစ်လို့ အခုအရွယ်ထိလည်း သားနဲ့အပြိုင် အရွယ်တင်နေ တာဖြစ်ပါတယ်။မင်းဦးကလည်း (၈၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖေဖေ့ရဲ့နုပျိုမှုတွေကို သူရဲ့ပုံရိပ်လေးနဲ့ယှဉ်တွဲပြီး ထုတ်ပြလာတာဖြစ်ပါတယ်။မင်းဦးရဲ့ဖေဖေကလည်း မျက်မှန်တပ်ထားလို့ အရမ်းမိမိုက်နေပြီး ကျန်းမာသန်းစွမ်း နေလို့ မင်းဦးတို့သားအဖ နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Cre:Min Oo’s Facebook Account