



unicode

အဆိုတော် ထူးအယ်လင်းကတော့ အောင်မြင်လျက် ရှိနေတဲ့ ထိပ်တန်း အဆိုတော်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး အသံပါဝါ ကောင်းကောင်း နဲ့ အဆွေးသီချင်းလေးတွေ၊အချစ်သီချင်းလေး တွေအပြင် အမိုက်စား သီချင်းလေးတွေကိုလည်း သီဆိုလေ့ ရှိတဲ့ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေများစွာရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ထူးအယ်လင်းကတော့ ယခုမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီးသီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ချပြဖို့ကြိုးစားလျက်ရှိနေတာပဲဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ အေးချမ်းသာယာတဲ့မိသားစုလေးကို ချစ်ဇနီးသည်နဲ့အတူတည်ဆောက် ထားနိုက်ခဲ့ပြီး ချစ်စရာကောင်းတဲ့သားလေး၂ယောက်ကို ပိုင်ဆိုင်ထားတဲ့အပြင် သမီးအကြီးလေး ကိုလည်းပြုစုကာထောက်ပံ့ ပေးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်း ကတော့ ပရဟိတအလုပ်တွေကိုလည်း တက်နိုင်သလောက်လုပ်ကိုင်လျက်ရှိနေတာပဲ ဖြစ်သလို အားလပ်တဲ့အချိန်လေးတွေမှာလည်း မိသားစုလေး ကိုအချိန်ပေးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ထူးအယ်လင်း ကတော့ ယခုမှာ ကြင်နာ ပြီးပြုစုယုယပေးတဲ့ ချစ်ဇနီးချောလေးနဲ့ ချစ်စရာ ကောင်းတဲ့သားလေးတွေကြောင့် စိတ်ချမ်းသာပျော်ရွှင် ကာ မိသားစုအေးချမ်းမှုလေးကို ရရှိနေခဲ့ပါတယ်။ ထူးအယ်လင်း ကတော့ ” ကိုယ့်မှာ ချမ်းသာ တာဆိုလို့ မိသားစုပဲရှိတယ် “ဆိုပြီး ကြည်နူးစရာ ကောင်းတဲ့ မိသားစုပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာ မျက်မှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ် တွေအတွက် ထူးအယ်လင်း တို့မိသားစုလေးရဲ့ ပျော်ရွှင် နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည် ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။

Source: Htoo Ei Lynn ‘ s Facebook Acc