အသက္အရြယ္ နဲ႔ လိုက္ဖက္ ေအာင္ တင့္တယ္ၿပီး က်က္သေရရွိတဲ့ လုံးႀကီး ေပါက္လွ ခႏၶာကိုယ္ ကို ပိုင္ဆိုင္ထားတဲ့ မေအးေသာင္းဟာ သူမရဲ့ က်န္းမာသန္စြမ္းတဲ့ ခႏၶာကိုယ္ အတြက္ ေလ့က်င့္ခန္းေတြ အမ်ားအျပား လုပ္ခဲ့ၿပီး ထိန္းသိမ္းခဲ့ ရသူပါ။ အႏုပညာရွင္ တစ္ေယာက္ လည္း ျဖစ္တာ မို႔ အလွအပကို ဦးစားေပးသူပီပီ အေနအထိုင္ အစားအေသာက္ေတြ အားလုံးကို ဆင္ျခင္ ၿပီး လွပမႈကို ေသခ်ာေလး ဂ႐ုစိုက္ခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ အရြယ္ကတည္းက အႏုပညာလမ္းေၾကာင္း ေပၚမွာေနရာတစ္ခု ရခဲ့ၿပီးေနာက္ ေခတၱ ရပ္နားခဲ့ေပမယ့္ အသက္ သုံးဆယ္ေက်ာ္ အရြယ္မွာ သူမရဲ့တေက်ာ့ျပန္ အႏုပညာ ခရီးလမ္း ဟာ အားေပး ႀကိဳဆိုသူ ပရိသတ္ေတြနဲ႔ အရမ္းကို ေအာင္ျမင္ ခဲ့ပါတယ္။ ျမန္မာဝတ္စုံ ေလးေတြကို ျမတ္နိုးသူ မို႔ ကိုယ္ပိုင္လုပ္ငန္းအျဖစ္ ပိုးထည္ဆိုင္ ေလးတစ္ဆိုင္ ဖြင့္ထားခဲ့ပါတယ္။

ေတာင္တက္ တာဟာလည္း ေလ့က်င့္ခန္း တစ္ခုပဲမို႔ သူမရဲ့ ေတာင္တက္ ေလ့က်င့္ခန္း လုပ္ေနတဲ့ ပုံရိပ္ေတြကို ” ငယ္ရြယ္ ျဖတ္လတ္ က်န္းမာတဲ့သူတိုင္း ေတာင္တက္ ၾကသည္ ေပါက္က ရေလးဆယ္ အဲေလ သုံးဆယ့္ခြင္ တစ္ေတာင္ ၿပီး တစ္ေတာင္ ဖဝါးေအာက္ ေရာက္ေစရမယ္ ” ဆိုၿပီး တင္ထားတာပဲ ျဖစ္ပါတယ္။ ေတာင္တက္ ရတာဟာ ေမာပန္းေပမယ့္ ေတာင္ထိပ္ ေရာက္ၿပီး ေအာက္ကရႈခင္းေတြကို ၾကည့္ရတဲ့ခံစားခ်က္ ကေတာ့ အေမာေတြ တကယ္ကိုေျပေစပါတယ္။

Happy – Cele Zone
Photo – Aye Thaung

UNICODE

အသက်အရွယ် နဲ့ လိုက်ဖက် အောင် တင့်တယ်ပြီး ကျက်သရေရှိတဲ့ လုံးကြီး ပေါက်လှ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းဟာ သူမရဲ့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ် အတွက် လေ့ကျင့်ခန်းတွေ အများအပြား လုပ်ခဲ့ပြီး ထိန်းသိမ်းခဲ့ ရသူပါ။ အနုပညာရှင် တစ်ယောက် လည်း ဖြစ်တာ မို့ အလှအပကို ဦးစားပေးသူပီပီ အနေအထိုင် အစားအသောက်တွေ အားလုံးကို ဆင်ခြင် ပြီး လှပမှုကို သေချာလေး ဂရုစိုက်ခဲ့ပါတယ်။

ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလမ်းကြောင်း ပေါ်မှာနေရာတစ်ခု ရခဲ့ပြီးနောက် ခေတ္တ ရပ်နားခဲ့ပေမယ့် အသက် သုံးဆယ်ကျော် အရွယ်မှာ သူမရဲ့တကျော့ပြန် အနုပညာ ခရီးလမ်း ဟာ အားပေး ကြိုဆိုသူ ပရိသတ်တွေနဲ့ အရမ်းကို အောင်မြင် ခဲ့ပါတယ်။ မြန်မာဝတ်စုံ လေးတွေကို မြတ်နိုးသူ မို့ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ပိုးထည်ဆိုင် လေးတစ်ဆိုင် ဖွင့်ထားခဲ့ပါတယ်။

တောင်တက် တာဟာလည်း လေ့ကျင့်ခန်း တစ်ခုပဲမို့ သူမရဲ့ တောင်တက် လေ့ကျင့်ခန်း လုပ်နေတဲ့ ပုံရိပ်တွေကို ” ငယ်ရွယ် ဖြတ်လတ် ကျန်းမာတဲ့သူတိုင်း တောင်တက် ကြသည် ပေါက်က ရလေးဆယ် အဲလေ သုံးဆယ့်ခွင် တစ်တောင် ပြီး တစ်တောင် ဖဝါးအောက် ရောက်စေရမယ် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ တောင်တက် ရတာဟာ မောပန်းပေမယ့် တောင်ထိပ် ရောက်ပြီး အောက်ကရှုခင်းတွေကို ကြည့်ရတဲ့ခံစားချက် ကတော့ အမောတွေ တကယ်ကိုပြေစေပါတယ်။

Happy – Cele Zone
Photo – Aye Thaung