



UNICODE

သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန် ကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။ ဘယ်ဇာတ် ရုပ်လာလာ ပီပြင် ပြောင် မြောက်လှတဲ့ သရုပ်ဆောင် စွမ်းရည်တွေ ကြောင့် ပရိသတ်တွေ အားပေး ထောက်ခံမှုကို ရရှိထားပြီး ယခုချိန် မှာ နေရာတစ်ခု ထိရောက် ရှိအောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာ တော့ တိုင်ရွန်ဟာ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေပြီး ပရိသတ် တွေ အားပေး မှုနဲ့ အတူ အနုပညာ လမ်းကို ဆက်လက် လျှောက်လှမ်းကာ တန်ဖိုးရှိလှတဲ့ သူရဲ့ အချိန်တွေကို သူဝါသနာ ပါရာ အနုပညာ အလုပ်တွေ ကို လုပ်ရင်း ကုန်ဆုံးစေတာ ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် ကလည်း ကျစ်လစ် တောင့်တင်း နေပြီး စတိုင် စမက် ကျတာကြောင့် နှုတ်ခမ်း နီမလေးတွေ ရဲ့ အသည်းစွဲ ဖြစ်ကာ မိန်းကလေး ပရိသတ်တွေ အကြား ရေပန်းစား အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ဆိုင်ကယ် စီနင်းရတာ ကို ကြိုက်တဲ့ တိုင်ရွန်ဟာ သူငယ်ချင်းတွေ နဲ့ အတူ ဆိုင်ကယ် စီးပြီး ခရီးတွေ ထွက်နေတဲ့ Biker သမားလေး တစ်ဦး လည်းဖြစ်ပါတယ် ။ လတ်တလော မှာလည်း ကြော်ငြာ တွေ ရိုက်ကူး နေပြီး အနုပညာ အလုပ်တွေ နဲ့ အဆက် အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ မကြာ မကြာမှာ လည်း ရယ်စရာ ဟာသ TikTok ဗီဒီယိုလေး တွေကို ဆော့ကစား ကာ ပရိသတ် တွေကို ချပြလေ့ရှိပါသေးတယ်။

ယခုအခါ မှာလည်း သူ့ရဲ့ ဟာသ TikTok ဗီဒီယိုလေးကို ချပြ လာတာပဲဖြစ်ပါတယ်။ ကြည့်မိ သူတိုင်း အူတက်အောင် ရယ် ရမယ့် အကြော ပြောင်ကာ ဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီ ဗီဒီယို လေးထဲမှာ တိုင်ရွန် တက်ရောက် အကြောတွေ ပြောင်းပြီး ဆော့ ကစား ထားတာ ဖြစ်ပါတယ်။ မျက်နှာ အမူ အရာကို ကြည့်ပြီး ပရိသတ်တွေ က အူတက်နေ မှာတော့ အမှန်ပဲဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီး တို့ အတွက် တိုင်ရွန် ရဲ့ ရယ်စရာ ဟာသ TikTok ဗီဒီယိုလေးကို ချပြပေး လိုက်တာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီး တို့ကလည်း တိုင်ရွန်ရဲ့ Tik Tok ဗီဒီယိုလေးကို ကြည့်ပြီး ဘဝ အမောတွေ ဖြေ ဖျော် လိုက်ကြပါဦးနော်…။

သတင်းအရင်းမြစ်: Tyron TikTok account