


Happy – Cele Zone
Photo – Dain Daung

UNICODE

Myanmar Idol ပြိုင်ပွဲဝင် ဟောင်းတစ်ဦး ဖြစ်တဲ့ အဆို ဝါသနာရှင် ခြိမ့်ကေကို ဟာ လတ်တလော ဖြစ်ပွားနေတဲ့ ကပ်ရောဂါ ဆိုင်ရာ ဥပဒေတွေ နဲ့ ညိစွန်းခဲ့တာကြောင့် ဒီနေ့ မှာပဲ ဥပဒေကြောင်းအရ အရေးယူ မှုကိုလက် သင့်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ရွာထဲ မှာ ကလေးမွေးနေ့ ရှိတာကြောင့် ကူညီ သီဆိုပေးခဲ့ရင်း လူစု လူဝေး ဖြစ်ခဲ့တာကြောင့် အခုလိုအရေးယူမှု တွေရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ကူးစက် ပြန့်ပွားနိုင်တဲ့ ရောဂါဖြစ် တာကြောင့် မြို့တိုင်း နယ်တိုင်း မှာစည်းကမ်း တင်ကျပ်ထားပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေ နဲ့ မညီသူကို့ ရေးယူဆောင်ရွက်မှုတွေ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အစပိုင်း မှာတော့ ခြိမ့်ကေကို က ဒီအပြစ်ကို ခွင့်လွှတ်ပေးဖို့ လူမှုကွန်ရက်ကနေ တဆင့် တောင်းပန်စာတွေရေးခဲ့ပေမယ့် အခုတော့ ဦးဒိန်း ရဲ့ စကားကို လက်ခံပြီး ကိုယ့်အပြစ်ကိုယ် တာဝန်ယူခဲ့ပါတယ်။

ဒီအကြောင်း ကို ” မင်းငါ့စကား နားထောင်ပြီး အဖမ်းခံလိုက် တဲ့အတွက်ကျေနပ် တယ် လိုအပ်ရင် တက်နိုင်သလောက် ကူညီမယ်စိတ်ချ ” ဆိုပြီးပြောပြ လာခဲ့ပါတယ်။ ထိုက်သင့်တဲ့ အပြစ်ဒဏ် ကို ခံယူပြီး အားပေးသူတွေရှေ့ အမြန်ဆုံးပြန်ရောက်ပါစေ လို့ ဆုတောင်းပေးပါတယ်။

Happy – Cele Zone
Photo – Dain Daung