



unicode

အိချောပိုက အနုပညာ နယ်ပယ် မှာ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်းမင်းသမီး တွေထဲမှာ တစ်ယောက် အပါအဝင်ပဲဖြစ်ပြီး အကောင်းဆုံး ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ သူမရဲ့ ကြိုးစားအား ထုတ်မှုတွေကြောင့် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီး တွေကို ဆက်တိုက်ရိုက် ကူးနေရတာကို တွေ့ရပါတယ်။ အိချောပိုက ကြွေရက်စရာ အချိုးအစား ပြေပြစ်တဲ့ အမိုက်စားကိုယ်လုံးလေ းကို ပိုင်ဆိုင်ထားကာ ယောကျာ်း ပရိသတ်တွေရဲ့ အသည်းတွေ ကိုလှုပ်ခါထားတဲ့ မင်းသမီးလေးဆိုရင်လည်း မမှားပါဘူးနော် ။

ဒါ့အပြင် ဝတ်စားဆင်ယဉ်မှု မှာလည်း ဘယ်လိုဖက်ရှင် တွေပဲဖြစ်ဖြစ် စမတ်ကျကျ ဝတ်ဆင် တတ်တာကြောင့် ပျိုမေလေး တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ပရိသတ်တွေကြွေ လောက်တဲ့ အလန်းစားပုံလေး တွေကို ဖော်ပြပေးတဲ့ အိချောပိုက ယခုမှာ လည်း ချစ်စရာကောင်း လောက်တဲ့ ဗီဒီယိုလေးကို သူမရဲ့ Myday လေးမှာ တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယို လေးထဲမှာတော့ အိချောပို က ခြံဝန်းထဲမှာ ခွေးလေး တယုတယလေး ပွေ့ဖက်ပြီး ပြုံးပျော်ရွှင် နေတာကို ရိုက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိတဲ့ မင်းသမီး အိချောပိုရဲ့ ပင်ကိုယ် အလှတရား တွေကတော့ ကြွေရက်စရာ ကောင်းလောက်ပါတယ်။ ကဲ…ချစ်ပရိသတ် တွေလည်း အိချောပိုရဲ့ ချစ်စရာဗီဒီယိုလေးကို ကြည့်ရှု့ရင်း သဘောကျ မယ်လို့လည်း မျှော်လင့်မိပါတယ်။

သတင်းအရင်းမြစ်: Myday VideoCredit &Source – Ei Chaw Po fb account