“မိုး ” လို့ ပရိသတ်တွေ ချစ်စနိုး နဲ့ ခေါ်ကြတဲ့ မင်းသမီးချော မိုးဟေကို ကတော့ အသက်အရွယ်တွေ ဘယ်လောက် ပြောင်းပြောင်း လှပချောမွတ်လွန်းတဲ့ ပင်ကိုယ် အလှစစ်ကို ပိုင်ဆိုင် ထားသူပဲ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးဆောင် လုပ်ကိုင်နေတဲ့ မိုးဟေကို ကတော့ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ အတွက်လည်း တစ်နေ့တာ အနုပညာ လှုပ်ရှားမှုတွေများစွာကို အချိန်ပေး ချပြနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း မိုးဟေကိုရဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရုံမတင်သေးခင်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုလေး တွေကို စိတ်ဝင်စား အားပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာ လည်း မိုးဟေကိုက သူမကို လွမ်းနေကြတဲ့ ပရိသတ် တွေအတွက် ထူးထူးခြားခြား လှုပ်ရှားမှုလေး တစ်ခုကို ချပြလာခဲ့ပါတယ်။ မိုးဟေကိုက အရမ်းမိုက်တဲ့ အမိုး ဖွင့်ပြိုင်ကား လှလှလေးစီးပြီး ရန်ကုန်တစ်မြို့လုံး အနှံံ့လျှောက်လည်နေခဲ့တာကို ” ပြိုင်ကားလေးကို အမိုးဖွင့်ပြီးစီးရတာ ခံစားချက် တစ်မျိုးပေါ့… မိုးအတွက် ပျော်ရွှင်စရာ ကောင်းတဲ့ ညနေလေး ဖြစ်ခဲ့တယ် … ဘယ်လိုလဲ … မိုးနဲ့ လိုက်ခဲ့မလား🚗🌅💕” ဆိုပြီး အမှတ်တရ ဓာတ်ပုံလေးတွေ ချပြပေးလာခဲ့ပါတယ်။

မိုးဟေကို ကတော့ ပရိသတ်တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ သူမရဲ့ ပုံစံအသစ်လေး ကို ထူးထူးခြားခြား ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း မိုးဟေကိုရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို အားပေးစောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Moe Hay Ko’s fb
Bilie – Cele Connections

UNICODE




Source: Moe Hay Ko’s fb
Bilie – Cele Connections