Miss Myanmar Universe 2020 ရဲ့ Winner ဆုရှင် ကတော့ မော်ဒယ် သူဇာဝင့်လွင် ပဲ ဖြစ်ပါတယ်။ သူမကတော့ Miss Universe ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အမေရိကန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ သူမရဲ့ ပြိုင်ပွဲဝင် ဝတ်စုံတွေ ထည့်ထားတဲ့ အိတ်ဟာ မထင်မှတ်ဘဲ LA လေဆိပ်တွင် ပျောက်ဆုံး သွားခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ အိတ်ကို ပြန်ရှာတွေ့နိုင်အောင်လည်းခင်မင်ရင်းနှီးကြ သူများက အတတ်နိုင်ဆုံးကူညီပေးနေတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့ အိတ်ဟာ လုံးဝကို ပြန်ရှ ာမတွေ့တော့တဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ သို့သော်လည်း အားလုံးရဲ့ ကူညီပေးမှုတွေကြောင့် ပြိုင်ပွဲကို အခက်အခဲ တွေကြားကနေ ဆက်လက်ယှဉ်ပြိုင်သွ ားမှာဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက် ကလည်း သူဇာဝင့်လွင်ရဲ့ Facebook Story တွင် Final ပွဲတွင် ဝတ်ဆ င်မယ့် ဝတ်စုံများနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ပြောပြထားတဲ့ ဗီဒီယိုဖိုင် ကို တင်ထားတာ ဖြစ်ပါတယ်။ သူမကတော့မနက်ဖြန် အင်တာဗျုးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေပြီး National Costume အတွက် အမေရိကန်နိုင်ငံတွင် ရှိတဲ့ ချင်းလူမျိုးများမှ သူတို့ရဲ့ ရိုးရာဝတ်စုံကို ပို့ပေးထားကြတာ ဖြစ်ပါတယ်။

Final Evening Gown အတွက်လည်း Miss Universe Organization ကလည်း စီစဉ်ပေးနေပြီး အမေရိကန်နိုင်ငံတွင်ရှိတဲ့ ဒီဇိုင်နာများမှလည်း သူတို့ရဲ့ ဝတ်စုံတွေကို ပို့ပေးတဲ့အတွက် သူမကြိုက်တာ ကို ရွေးချယ်ပြီး ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ သူမကို စိတ်ပူပေးကြ သူများအားလုံးကိုလည်း ကျေးဇူးတင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့ အတွက် ဆက်လက်ပြီး အားပေးကြဖို့ ကိုလည်း ပြောကြားထားပါသေးတယ်။ ထိုအားပေးမှုတွေကြောင့်သာသူ မယှဉ်ပြိုင်ဖို့ ခွန်အားတွေရရှိနေတာ ဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်နေစဉ် အတွင်းမှာလည်း အခက်အခဲ တွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း Candy လေးရဲ့ယှဉ်ပြိုင်မှုကို အားပေးကြည့်ရှုပေးကြပါဦးနော်။

Crd- Thuzar Wint Lwin’s

ZAW GYI

Miss Myanmar Universe 2020 ရဲ့ Winner ဆုရွင္ ကေတာ့ ေမာ္ဒယ္ သူဇာဝင့္လြင္ ပဲ ျဖစ္ပါတယ္။ သူမကေတာ့ Miss Universe ၿပိဳင္ပြဲႀကီးကို ျမန္မာနိုင္ငံ ကိုယ္စားျပဳအျဖစ္ အေမရိကန္နိုင္ငံတြင္ သြားေရာက္ ယွဥ္ၿပိဳင္ေနတာ ျဖစ္ပါတယ္။ သူမရဲ့ ၿပိဳင္ပြဲဝင္ ဝတ္စုံေတြ ထည့္ထားတဲ့ အိတ္ဟာ မထင္မွတ္ဘဲ LA ေလဆိပ္တြင္ ေပ်ာက္ဆုံး သြားခဲ့တာျဖစ္ပါတယ္။ ေပ်ာက္ဆုံးသြားတဲ့ အိတ္ကို ျပန္ရွာေတြ႕နိုင္ေအာင္လည္းခင္မင္ရင္းႏွီးၾက သူမ်ားက အတတ္နိုင္ဆုံးကူညီေပးေနတာ ျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ သူမရဲ့ အိတ္ဟာ လုံးဝကို ျပန္ရွ ာမေတြ႕ေတာ့တဲ့ အေနအထားကို ေရာက္ရွိေနပါၿပီ။ သို႔ေသာ္လည္း အားလုံးရဲ့ ကူညီေပးမႈေတြေၾကာင့္ ၿပိဳင္ပြဲကို အခက္အခဲ ေတြၾကားကေန ဆက္လက္ယွဥ္ၿပိဳင္သြ ားမွာျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း သူဇာဝင့္လြင္ရဲ့ Facebook Story တြင္ Final ပြဲတြင္ ဝတ္ဆ င္မယ့္ ဝတ္စုံမ်ားနဲ႔ ပတ္သက္တဲ့ အေသးစိတ္ကို ေျပာျပထားတဲ့ ဗီဒီယိုဖိုင္ ကို တင္ထားတာ ျဖစ္ပါတယ္။ သူမကေတာ့မနက္ျဖန္ အင္တာဗ်ဳးအတြက္ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ေနၿပီး National Costume အတြက္ အေမရိကန္နိုင္ငံတြင္ ရွိတဲ့ ခ်င္းလူမ်ိဳးမ်ားမွ သူတို႔ရဲ့ ရိုးရာဝတ္စုံကို ပို႔ေပးထားၾကတာ ျဖစ္ပါတယ္။

Final Evening Gown အတြက္လည္း Miss Universe Organization ကလည္း စီစဥ္ေပးေနၿပီး အေမရိကန္နိုင္ငံတြင္ရွိတဲ့ ဒီဇိုင္နာမ်ားမွလည္း သူတို႔ရဲ့ ဝတ္စုံေတြကို ပို႔ေပးတဲ့အတြက္ သူမႀကိဳက္တာ ကို ေရြးခ်ယ္ၿပီး ယွဥ္ၿပိဳင္နိုင္မွာျဖစ္ပါတယ္။ သူမကို စိတ္ပူေပးၾက သူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ၿပီး အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားထားတဲ့ အတြက္ ဆက္လက္ၿပီး အားေပးၾကဖို႔ ကိုလည္း ေျပာၾကားထားပါေသးတယ္။ ထိုအားေပးမႈေတြေၾကာင့္သာသူ မယွဥ္ၿပိဳင္ဖို႔ ခြန္အားေတြရရွိေနတာ ျဖစ္ေၾကာင္း ေျပာထားတာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ဖို႔ ျပင္ဆင္ေနစဥ္ အတြင္းမွာလည္း အခက္အခဲ ေတြမ်ားစြာနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ လည္း Candy ေလးရဲ့ယွဥ္ၿပိဳင္မႈကို အားေပးၾကည့္ရႈေပးၾကပါဦးေနာ္။

Crd- Thuzar Wint Lwin’s