


Happy – Cele Zone

unicode

Stay Home တာကြာ သွားပြီး နောက်မှာတော့ အရင်လို ခရီးတွေထွက်ပြီး အလုပ်တွေလုပ်ရတဲ့ ဘဝကို ပြန်ပြီးလွမ်းနေတဲ့ ဝါဆို တစ်ယောက် (၂၀၂၁) ရဲ့ ပထမဆုံးလမှာပဲ ချစ်သူ နဲ့ အတူ ပြင်ဦးလွင် ကို ခရီးထွက်နိုင်ခဲ့တာမို့ ပျော်မဆုံး ဖြစ်နေခဲ့ပါတယ်။ နှစ်ယောက် အတူရိုက်ထားတဲ့ ရိုဆန်ဆန် ပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါသေးတယ်။

အလုပ်တွေလည်း အတူတူလုပ်ကြပြီး လက်တွဲလာတဲ့ သက်တမ်း ဟာလည်း (၅) နှစ်ကျော်လာခဲ့ပြီ ဖြစ်လို့ တစ်ယောက် နဲ့ တစ်ယောက် ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာ နဲ့ နားလည်မှုတွေက ပြောစရာ မလိုအောင်ကို ပြည့်စုံနေ ခဲ့ပါပြီ။ အိတ်တွေ ကြိုက်တဲ့ ဝါဆို့အတွက် အမြဲတမ်း အကောင်းစားအိတ် တွေ လက်ဆောင်ပေးတတ်တဲ့ ဖြိုးလေး လိုချစ်သူကို ပိုင်ဆိုင်ထား တာလည်း ဝါဆို့ အတွက်တော့ ကံကောင်းခြင်းပါပဲ။

နှစ်ယောက် သား ရဲ့ကြည်နူးစရာ အခိုက်အတန့်ပုံလေးတွေ နဲ့ ဗီဒီယိုလေး တွေဟာ မြင်ရသူ ပရိသတ်တွေအတွက် တော့ အားကျစရာပါပဲ။ အချိန်တွေ အကြာကြီးအတူတူရှိကြသလို အချစ်တွေ ကလည်း ပိုပိုပြီး ခိုင်မြဲလာတဲ့ ဒီစုံတွဲလေး ရဲ့ ချစ်ကြည်နူးနေ တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Phyo Lay / Warso Moe Oo