မန္တလေးတိုင်း ၊ မိုးကုတ်မြို့ မှ စကစ ဖြုတ်ချရေး တက်ကြွ လှုပ်ရှားသူ ကိုစိုးဌေး ၏ အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်း ဇွန်လ ၃၀ ရက်က ပြန်လည် လွတ်မြောက်လာပြီး လုံခြုံတဲ့နေရာ ရောက်ရှိပြီဟု ကိုစိုးဌေး မှ ပြောသည်။” သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံ ထားရခြင်းမှ ပြန်လွတ်လာပါတယ်၊ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ” ဟု ကိုစိုးဌေး၏ လူမှု့ကွန်ယက်တွင် ရေးသားထားသည်။

အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များသည် မိုးကုတ် မြို့ရှိ ကိုစိုးဌေးနေအိမ်သို့ အဓမ္မဝင်ရောက်ခဲ့ပြီး ကိုစိုးဌေး ကို မတွေ့သဖြင့် ဇနီးနှင့် သမီးနှစ်ဦးကို တရားမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်ပတ်ကျော် ကြာချိန်မှ အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်း တစ်ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။“သမီးက အထဲမှာ ထမင်းဝအောင်မစားရဘူး၊ အိမ်သာရေ နဲ့ ရေချိုးရတယ်၊ အထဲက အကြောင်းတွေ မေးတာ ဘာ မှ ပြန်မပြောဘူး၊ စိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းရတော့မယ်” ဟု ကိုစိုးဌေးက ဆိုသည်။

ယခုလို သမီးငယ်လေး စုထက်ဝိုင်း ပြန်လည် လွတ်မြောက်ရေးအတွက် ကြိုးစား ပေးကြသော နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပြည်တွင်းတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင် ကြောင်းလည်း ကိုစိုးဌေးမှ ပြောသည်။ကိုစိုးဌေး ၏ ဇနီးနှင့် သမီးတစ်ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကိုစိုးဌေးနှင့် သားနှစ်ဦးမှာ မတရားဖမ်းဆီး မခံရရေး ရှောင်တိမ်းနေကြရသည်။

crd……

ZAWGYI

မႏၲေလးတိုင္း ၊ မိုးကုတ္ၿမိဳ႕ မွ စကစ ျဖဳတ္ခ်ေရး တက္ႂကြ လႈပ္ရွားသူ ကိုစိုးေဌး ၏ အသက္ ၅ ႏွစ္အရြယ္ သမီးငယ္ စုထက္ဝိုင္း ဇြန္လ ၃၀ ရက္က ျပန္လည္ လြတ္ေျမာက္လာၿပီး လုံျခဳံတဲ့ေနရာ ေရာက္ရွိၿပီဟု ကိုစိုးေဌး မွ ေျပာသည္။” သမီးငယ္ စုထက္ဝိုင္း မေန႔က ဖမ္းဆီးခံ ထားရျခင္းမွ ျပန္လြတ္လာပါတယ္၊ သမီးႀ
ကီးနဲ႔ သူ႔အေမကိုေတာ့ ဖမ္းဆီးထားဆဲပါ” ဟု ကိုစိုးေဌး၏ လူမႈ႔ကြန္ယက္တြင္ ေရးသားထားသည္။

အၾကမ္းဖက္ စကစ တပ္ဖြဲ႕ဝင္မ်ားသည္ မိုးကုတ္ ၿမိဳ႕ရွိ ကိုစိုးေဌးေနအိမ္သို႔ အဓမၼဝင္ေရာက္ခဲ့ၿပီး ကိုစိုးေဌး ကို မေတြ႕သျဖင့္ ဇနီးႏွင့္ သမီးႏွစ္ဦးကို တရားမဲ့ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ႏွစ္ပတ္ေက်ာ္ ၾကာခ်ိန္မွ အသက္ ၅ ႏွစ္အရြယ္ သမီးငယ္ စုထက္ဝိုင္း တစ္ဦးကိုသာ ျပန္လည္လႊတ္ေပးခဲ့သည္။“သမီးက အထဲမွာ ထမင္းဝေအာင္မစားရဘူး၊ အိမ္သာေရ နဲ႔ ေရခ်ိဳးရတယ္၊ အထဲက အေၾကာင္းေတြ ေမးတာ ဘာ မွ ျပန္မေျပာဘူး၊ စိတ္ဒဏ္ရာေတြနဲ႔ ဘဝကို ျဖတ္သန္းရေတာ့မယ္” ဟု ကိုစိုးေဌးက ဆိုသည္။

ယခုလို သမီးငယ္ေလး စုထက္ဝိုင္း ျပန္လည္ လြတ္ေျမာက္ေရးအတြက္ ႀကိဳးစား ေပးၾကေသာ နိုင္ငံတကာ အဖြဲ႕အစည္းမ်ား ႏွင့္ ျပည္တြင္းေတာ္လွန္ေရးအင္အားစုမ်ားကို အထူးေက်းဇူးတင္ ေၾကာင္းလည္း ကိုစိုးေဌးမွ ေျပာသည္။ကိုစိုးေဌး ၏ ဇနီးႏွင့္ သမီးတစ္ဦးမွာ လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံထားရဆဲျဖစ္ၿပီး ကိုစိုးေဌးႏွင့္ သားႏွစ္ဦးမွာ မတရားဖမ္းဆီး မခံရေရး ေရွာင္တိမ္းေနၾကရသည္။

crd……