


Swelsone News

UNICODE

ပရိသတ် အချစ်တော် ကျော်ထက်အောင် ကတော့ စကားပြောစွမ်းရည် အလွန် ကောင်းပြီး ချိုသာ တဲ့ အပြုံးတွေ နဲ့ ပရိသတ်တွေ ရင်ထဲရောက်ရှိခဲတဲ့ အစီစဉ် တင်ဆက် သူလေး တစ်ဦး ဖြစ်ပါတယ်။အစီစဉ်တင်ဆက် သူအဖြစ် အနုပညာလမ်းကြောင်း ထဲ စတင်ဝင် ရောက်လာပြီး ယခုဆို ရုပ်ရှင် ဇာတ်ကားတွေကို လက်ခံ ရိုက်ကူးလာကာ အနုပညာလမ်းကို ဆက်လက် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ပင်ကိုယ် က အပြုံးချိုချိုလေး ကိုပိုင်ဆိုင်ထားပြီး ရယ်လိုက်တဲ့ အခါ ပေါ်လာတဲ့ ပါးချိုင့် တွေက နှုတ်ခမ်းနီမလေး တွေရဲ့ ရင်ကို လှုပ်ခပ်စေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ လည်း လူမှုကွန်ယက် စာမျက်နှာမှာ ဖြူဖြူကျော်သိန်း နဲ့ အတူ romantic ဆန်ဆန်ရိုက် ကူးထားတဲ့ ပုံတွေကြောင့် လည်း အားလုံးအသည်းယားပြီး ဝင်းရံတာ ကို ခံနေရတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း အလှူအတမ်းလုပ်ထားတဲ့ ပုံလေး တွေကို ချပြလာတာပဲ ဖြစ်ပါတယ်။

2021 မှာအလှူအတမ်းလေး နဲ့ ကောင်းမှုကုသိုလ်တွေ လူပ်နေတဲ့ အကြောင်းကို “Magical World (Real Estate) Company ကိုယ်စား 2021 နှစ်သစ်အလှူကို မခိုင်နှင်းဝေ ရဲ့ ပရဟိတ ဂေဟာ မှာ လှူဖြစ် ခဲ့တဲ့ အမှတ်တရ ပုံရိပ်” ဆိုတဲ့ ခေါင်းစဉ်လေး တပ်ပြီး ပီတိ နဲ့ လှူ ဖြစ်ခဲ့တဲ့ ပုံလေး တွေ ဖော်ပြလာတာကိုပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက် တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း ကျော်ထက်အောင် နဲ့ အတူ သာဓု ခေါ်ဆို လိုက်ကြပါဦးနော်…..။

Swelsone News