


Happy – Cele Zone

ချစ်ခင် ရတဲ့ ဖွားရှင် (ချမ်းမြေ့ဂုဏ် ဝေ သီလရှင် စာသင်တိုက်) က ဆရာလေး လက်ဆောင်ပေး တဲ့ စန္ဒယားလေး ကို တမြတ်တနိုး တီးခတ်ပြီး ပျော်မဆုံးဖြစ်နေတဲ့ ဖြူဖြူ့ရဲ့ ကျေနပ်ပီတိ တွေကို ကျော်ထက်အောင် က အမိအရဓာတ်ဖမ်း ပေးခဲ့ပါတယ်။ လက်ဆောင် ဆိုတာ ချစ်သူခင်သူ တွေ အချင်းချင်း မေတ္တာအတိမ်အနက် ကိုဖော်ပြတဲ့ သင်္ကေတပါပဲ.

ဒီလက်ဆောင် လေးဟာ ဖြူဖြူ့အတွက် တော့အရမ်း ကိုအသုံးဝင်ပြီး မေတာ နဲ့ပေးတာ မို့ တန်ဖိုးမ ဖြတ်နိုင်လောက် စရာပါပဲ။ သီချင်းကောင်း တွေကိုအမြဲတမ်း ဖန်တီးတတ်တဲ့ ဖြူဖြူ့ အတွက်တော့ အထောက်အကူ ကောင်း တစ်ခုဖြစ် ခဲ့ပါတယ်။ မြတ်နိုးတဲ့ဂီတ တွေကို နောက်ထပ် ဆန်းသစ်ပြီး ဖန်တီးနိုင်တော့မလို ဖြူဖြူ ကပျော်မဆုံးပါပဲ။

စန္ဒယား လက်သံ စမ်းနေတဲ့ပုံလေး တွေကို ” နှစ်သစ်လက်ဆောင်လေး ကြွားပါ ရစေနော်။ ဖြူဖြူသီချင်းလေး တွေတီးဆိုဖန်တီး ဖို့ဆိုပြီး Piano ကောင်းကောင်း လေးတစ်လုံး လက်ဆောင် ပို့ပေးတဲ့ ဖွားရှင် (ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်) ကို ရိုသေစွာကျေးဇူး တင်ပါတယ်ရှင်။ အရမ်းကိုလှပတင့်တယ်ပြီး အသံထွက်လေးလည်း အရမ်းကြိုက် ပါတယ်ရှင့်။ ဓါတ်ပုံမှတ်တမ်းတင် ပေးတဲ့ အစ်ကိုကြီး လည်း ကျေးဇူးနော် ” ဆိုပြီးတင်ထားတာ ပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Phyu Phyu Kyaw Thein