


Credit .. myanmar Load

UNICODE

အကယ်ဒမီ ဆုတွေ ရရှိခဲ့တဲ့အပြင် ပရိသတ် အများအပြား ရဲ့ အချစ်များစွာ ကို ပိုင်ဆိုင် ထားတဲ့ ဝါဝါဝင်းရွှေ ကတော့ တစ်ခေတ် တစ်ခါမှာ အရမ်း နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ဝါဝါဝင်းရွှေ က အခုချိန် ထိလည်း နုပျိုလှပ နေဆဲဖြစ်လို့ မင်းသမီး ငယ်တွေကတောင် သူမ ရဲ့အလှအပကို ချီးကျူး နေကြတာ ဖြစ်ပါတယ်နော်။ဝါဝါဝင်း‌ရွှေ က စိတ်သဘော ထားပြည့်ဝပြီး အနုပညာရှင် တချို့က သူမဆီမှာ အကြံဉာဏ်တွေ လာတောင်းရင်လည်း တတ်နိုင်သလောက် သင်ကြားပေးတာဖြစ်ပါတယ်။

ဝါဝါဝင်းရွှေ က ဘဝတစ်ပါးသို့ ကူးပြောင်း သွားတဲ့ ချစ်ခင်ပွန်း ကိုလည်း အမြဲသတိတရ ရှိပြီး ကုသိုလ်ကောင်းမှု တွေလည်း လတိုင်း လုပ်ပေးနေတာဖြစ်ပါတယ်။ဝါဝါဝင်းရွှေက အခုချိန် မှာတော့ သားသမီး ၊ မြေးတွေနဲ့အတူ အေးအေး ချမ်းချမ်းနေထိုင် ရင်း ကုသိုလ်ရေးတွေ ကိုလည်းအမြဲလုပ်ဆောင်နေတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း ဝါဝါဝင်းရွှေ က သူမတို့ဇနီး မောင်နှံ ရဲ့ မင်္ဂလာဦး လက်စွပ်လေးကို ဘုရားမှာ ဌာပနာထည့်ဖို့အတွက် ရက်ရက် ရောရော လှူဒါန်းနေတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေ ကတော့”မွန်ဘုရင်မကြီး ရှင်​စောပု ကိုအမှူး ထား၍ ပဲခူး ​ခေါင်​ဆေးကျွန်း ​ကျောက်စာတိုက် တွင်တည်ထား​သော ဝဋ်‌ကြွေးတော်ပြေဘုရားတွင် ဌာပနာ ရန်အတွက် ခင်ပွန်း ဦးသန်းထွဋ် နှင့် ကျွန်မတို့၏ မင်္ဂလာဦး လက်စွပ်နှင့် ရတနာတချို့ အား နိဗာန်ကို ရည်စူး၍ လှူဒါန်းလိုက်ပါသည်။ဤကုသိုလ်ကောင်းမှု ကို ထပ်တူ ထပ်မျှ ရကြပါ​စေ အမျှပေး ဝေလိုက်ပါတယ် ဝမ်းမြောက် နုမော်သာဓု​ခေါ်ဆို နိုင်ကြပါ​စေ​သော်။”ဆိုပြီး သူမရဲ့အလှူကို (၇)ရက်သားသမီးတွေသာဓု ခေါ်ရအောင်လို့ မျှဝေလာခဲ့တာ ဖြစ်ပါတယ်နော်။

Source&Photo Credit:Wa Wa Win Shwe’s Facebook Account
Credit .. myanmar Load