


Source : Nay Chi Oo
Emily (Cele Gabar)

UNICODE

ပရိသတ်ကြီး ရေ ဒီဇင်ဘာလ (၂၉) ရက်နေ့ ကတော့ နာမည်ကြီး Beauty blogger တစ်ယောက် ဖြစ်တဲ့ နေခြည်ဦး ရဲ့ ဖေဖေ နဲ့ မေမေ တို့ရဲ့ နှစ်(၃၀) ပြည့် မင်္ဂလာ နှစ်ပတ်လည် နေ့ရက် လေးပဲဖြစ်ပါတယ် ။ ချီချီ ကတော့ မိဘတွေ ရဲ့ နှစ် (၃၀) ပြည့် မင်္ဂလာ နှစ်ပတ်လည် နေ့လေးအတွက် ကြည်နူးဖွယ် မိသားစု Vlog လေးတစ်ခုကို ရိုက်ကူး ခဲ့ပါတယ်။

Happy 30th Anniversary ပါ ဖေကြီး နဲ့ မေကြီး အခုလိုနှစ်တွေ အကြာကြီး တစ်ယောက် အပေါ်တစ်ယောက် နွေးနွေးထွေးထွေး နဲ့ အတူတူရှိနေ ပေးလို့ ကျေးဇူးပါ အရမ်းလည်း ချစ်တယ်နော် ဒီဇင်ဘာ ၂၉ ရက် နေ့တုန်းက နေခြည့် ဖေဖေ နဲ့ မေမေ ရဲ့ နှစ် ၃၀ ပြည့် Anniversary Day လေးဆိုတော့ အဲ့ဒီ နေ့ကို အမှတ်တရ နေ့လေးအဖြစ် နေခြည် က ဖေဖေ နဲ့ မေမေတို့ရဲ့ အနှစ် ၃၀ ပြည့်ကနေပြီးတော့ နောက်နှစ်တွေ အများကြီး ကြာတဲ့အခါ Memory လေးတစ်ခု အနေနဲ့ပြန်ကြည့်လို့ရအောင် Vlog လေးရိုက်ထားတယ် ဆိုတဲ့စာသားလေး နဲ့ အတူ မိသားစု ကြည်နူးဖွယ် Vlog လေးကို ပရိသတ်တွေ ကို ချီချီ က မျှဝေပေးလာခဲ့ပါတယ် ။

ဖေကြီးက အရမ်းချစ်တတ်တာနော်။ နေခြည် တောင်သူတို့ကို ကြည့်ရင်းနဲ့ တွေးနေတာ ဖေဖေ့ လိုချစ်တတ်တဲ့ ယောကျာ်းမျိုးတွေ့ တော့မှပဲ ယောကျာ်းယူဖြစ်တော့မယ်နဲ့တူတယ် လို့လည်း အရွှန်း ဖောက်ရေးသား ထားပါသေးတယ် ။ ချီချီ ရဲ့ ပရိသတ်ကြီးအတွက် လည်း ကြည်နူးဖွယ် မိသားစု အမှတ်တရနေ့လေးအတွက် Vlog လေးကို ပြန်လည် မျှဝေပေးလိုက် ပါတယ်နော် ။

Source : Nay Chi Oo
Emily (Cele Gabar)