ပရိတ်သတ်ကြီးရေ…. ဥက္ကာမင်းမောင်ဟာ ဆိုရင် ပရိတ်သတ်တွေရဲ့အားပေး ချစ်ခင်မှုကိုအပြည့်အဝရရှိထားတာဖြစ်ပြီး လက်ရှိ မှာတော့ သူဟာအမေရိကန်မှာနေထိုင်နေတာပဲဖြစ်ပါတယ်နော်။ဥက္ကာမင်းမောင် ကတော့ တစ်ခါတစ်လေ မှာဆိုရင် ကြမန်မာပြည်သို့ပြန်လာပြီးအနုပညာအလုပ်တွေလုပ်ကိုင်လေ့ရှိပါတယ်ပရိတ်သတ်ကြီးရေ။ဥက္ကာမင်းမောင်ကို ချစ်ခင် အားပေးတဲ့ပရိသတ်တွေကတော့ အမေရိကန် မှာနေထိုင်နေလည်း အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။
သူဟာဆိုရင် မော်ဒယ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အရမ်းကို မိမိုက်လွန်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင် ထားပြီး တောင့်တင်းတဲ့ဗလတွေ ကလည်ည်းပရိတ်သတ်တွေကိုကြွေစေနိုင်လောက် တဲ့အပြင် ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပါပိုင်ဆိုင် ထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဥက္ကာမင်းမောင် ဟာဆိုရင် မိဘအပေါ်သိတတ်လိမ္မာပြီး မိဘကို ဂရုစိုက်စောင့်ရှောက်ပေးတဲ့ သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်နော်။
သူကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေ မှာဆိုရင်လည်း အဝေးတစ်နေရာကနေ ပြည်သူလူထု နဲ့အတူ အမှန်တရားဘက်ကနေရပ်တည်နေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုနိုင်ငံရေးအခြေအနေတွေကေိုအာရုံစိုက်နေတဲ့ ဥက္ကာမင်းမောင် တစ်ယောက် အချစ်ရေး မှာတော့ Single ဖြစ်နေတာဆိုရင် (၆)လတောင်ရှိသွားပါပြီနော်..။ကိုယ့်နိ်ုင်ငံရဲ့အရေးရယ် အလုပ် မအားတာတွေရယ်ကြောင့် အချစ်ရေးဘက်ကို အလှည့်နိုင်တဲ့ ဥက္ကာမင်းမောင်တစ်ယောက် ဒီကနေ့မှာတော့ သူ့ရဲ့နှလုံးသားရေးရာကိစ္စနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေ ကို ရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။
အဲ့ဒါကတော့”ဘာလိုလိုနဲ့ Single ဖြစ်တာ ၆ လတောင်ရှိသွားပြီ..ကိုယ့်နိုင်ငံအရေးတွေနဲ့ အလုပ်မအားတာနဲ့ စိတ်က Dating life ဘက်ကို စိတ်မပါလို့ ဘယ်သူနဲ့မှ မ date ပဲ တစ်ယောက်ထဲ အေးဆေးနေတာ ဘဝက အရမ်းအေးချမ်းတာပဲ.. လွတ်လပ်ခြင်းအပြည့်.. ရည်းစားဟောင်းကို လဲ ပြန်မလိုချင်ဘူး.. အသစ်လဲမထားချင်ဘူး… သြော် ငါ ဒီတခါတော့ Single ဘဝနဲ့ အကြာကြီး နေဦးမယ်ပေါ့… အာ့လို ဆုံးဖြတ်ထားတာ.. သို့ပေမယ့်လဲ လောကကြီးမှာ ကံကြုံလာရင် ကိုယ်က မရှာသော်လဲ ကိုယ့်ရှေ့မှောက် ရောက်ရောက် လာတတ်တယ်တဲ့.. အမှန်ပဲ.. ဟိဟိ.. စတွေ့တာ ရက်ပိုင်းပဲရှိသေးတယ်.. တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ခဲနဲ့ လာပေါက်တာလား အနူမြှူဗုံးလာကြဲတာလားတော့ မသိ.. စိတ်ကတော့ ယွစိယွစိဂယက်တသိန်း ထနေပြီ .. ဘာတွေဆက်ဖြစ်မလဲတော့ မသိ..ရင်တွေခုန်.. အား 😁🤣😂😜” ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်စဖွယ်ရေးသားထားတာပဲဖြစ်ပါတယ်နော်။သူ့ကိုချစ်တဲ့ပရိတ်သတ်တွေကလည်း တကယ်ချစ်တဲ့သူနဲ့ဆုံစည်းပါစေဆိုပြီးဆုတောင်ထားတာတွေကိုလည်း တွေ့မြင်ရပါသေးတယ် ပရိတ်သတ်ကြီးရေ….။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်နော်…။
Source ; Oakker Min Maung’s Facebook Acc
ZAW GYI
Credit ; Celebrity Platforms