


Source: Lamin Kabyar

unicode

လမင်းကဗျာ နဲ့ နှိုင်းရှင်မြင့်မိုရ် တို့က အနုပညာ ညီအစ်မ တွေကတော့ ဇာတ်လမ်း တွေထဲမှာ ကျရာနေရာက နေ ပိုင်နိုင် စွာသရုပ်ဆောင် နိုင်ကြပြီး ခုချိန်မှာတော့ အောင်မြင် မှုကိုယ်စီရနေတဲ့ သူတွေ ဖြစ်ကြပါတယ်….နှစ်ယောက်စလုံး ကလည်း အနုပညာ အလုပ်တွေကို ဖြေးဖြေးမှန်မှန် လုပ်ဆောင် နေရင်း ကိုယ်ပိုင်စီးပွားရေး တွေကို လုပ်ကိုင်နေကြပါတယ်.. ဒါ့ပေမဲ့ အားလပ် ချိန်လေးတိုင်းမှာလည်း တစ်ယောက် နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်စေကြပါဘူး။

ဒီနေ့မှာလည်း လမင်းကဗျာက နှိုင်းရှင် တို့ရဲ့ ခြံကျယ်ကြီး ထဲကို လိုက်လည်ရင်း ညီအစ်မ တွေ ပျော်ပျော် ပါးပါး Tiktok ဆော့ထား ကြတာကို သူမက“ဒီနေ့ မကြီးနှိုင်းရှင် ခြံမှာ သွားကဲ ပျော်ဆြာကြီးပါလို့ကျေးဇူးပါမကြီးရေ မုန့်ဖိုး တွေလဲ ပေးသေးတာ ” ဆိုပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေး တွေနဲ့အတူ ရေးသားထားခဲ့တာ ပဲဖြစ်ပါတယ်။

သူမ တင်ထားတဲ့ ဗီဒီယိုအောက် မှာလည်း ပရိသတ်များက သဘောတွေ ကျပြီး အဲဒီ Tiktok အတိုင်းပဲ ပရိသတ်တွေက လိုက်ဆော့ထားရင်း သူမ တို့အောက်မှာပဲ လာမန့် ပေးထားကြတာ ကိုလည်း သူမက ပရိသတ်တွေ နဲ့ ကောမန့်မှာ ရင်းရင်း နှီးနှီး reply ပြန်ပေးထားပါသေးတယ်….။လမင်း နဲ့ နှိုင်းရှင် တို့ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း သူမတို့ရဲ့ ဟာသလေးကို ကြည့်ရင်းပျော်ရွင် ကြပါစေနော်…

Source: Lamin Kabyar

Credit ; Celebrity Secret