



UNICODE

ဒီတစ်ခေါက် မှာတော့ စကားသံ ဝဲဝဲလေး နဲ့ ပရိသတ် တွေရဲ့ အချစ်ကို သိမ်းပိုက် ထားတဲ့ သူလေးကတော့ ပိုင်တံခွန် ပဲဖြစ်ပါတယ်။မိန်းမ လှလေးတွေရဲ့ သည်းသည်း လှုပ် ချစ်တာကို ခံနေရပြီး ရင်းနှီး ဖော်ရွှေ တဲ့ အပြုံးတွေနဲ့ အနုပညာ အလုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတဲ့ မင်းသား ချောလေး ပဲ ဖြစ်ပါတယ်။စတိုင်က စမတ်ကျပြီး တည်ကြည် ခန့်ညားတဲ့ ရုပ်ရည် လေးကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ပိုင်တံခွန် ကတော့ တိရစ္ဆာန်လေးတွေကို သားသမီးလို ချစ်တတ်ပြီး သနား ကြင်နာတတ်တဲ့ စိတ်ထားလေးရှိတဲ့ သူလေးဖြစ်ပါတယ်။

ပိုင်တံခွန် ကတော့ ရိုးသား ကြိုးစားတဲ့ သူဖြစ်ပြီး အခြား သူများ အပေါ်လည်း ဂရုဏာ ထားတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိထားတာ ပဲ ဖြစ်ပါတယ်။ယခုမှာတော့ ပိုင်တံခွန်ဟာ ပြည်တွင်း သာမက ပြည်ပကိုပါ ထိုးဖောက် အောင်မြင်နေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။အနုပညာ လှုပ်ရှားမှုတွေ ကိုလည်း ပရိသတ်တွေ အတွက် ဖော်ပြ ပေးလေ့ရှိသူဖြစ်ပြီး ကြော်ငြာ တွေကိုလည်း လက်ခံ ရိုက်ကူးနေတဲ့ မင်းသားချောလေး ဖြစ်ပါတယ်။

သူဟာ မိဘ နှစ်ပါးကို တန်ဖိုးထားပြီး ချစ်သလို သူရဲ့ပရိသတ်တွေ ကိုလည်း အလေးထားပြီး ချစ်တတ်သူပဲ ဖြစ်ပါတယ်။လတ်တလော မှာတော့ သူရဲ့ Facebook စာမျက်နှာပေါ်တွင် “အရောင်စွန်းထင်းမှာ စိုး လို့ အဖြူရောင်ကို ချစ်ရမှာ ကြောက်ခဲ့ဖူးတယ်” ဆိုတဲ့ စာသားလေးနဲ့ အတူ သူရဲ့ အပြုံးလေးတွေ နဲ့ ပုံရိပ် လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ပိုင်တံခွန် ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှု အားပေးနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Paing Takhon FB Account