


Yuan – Cele Zone
Photo – Paing Takhon

UNICODE

မိန်းကလေးတွေ အသဲစွဲ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ကတော့ ဆယ်ကျော်သက် မိန်းကလေး တွေ သည်းသည်း လှုပ် အားပေးခံရသူ လေးလည်းဖြစ်ပါတယ်။တက်တူး အမိုက်စားတွေ နဲ့ အမြဲ ဖက်ရှင်ကျနေ တတ်တဲ့ ပိုင်တံခွန် ကတော့ ချောမော ခန့်ညားတဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေ ရဲ့ အသည်းကျော်အဖြစ် နာမည်ကြီး အောင်မြင်နေ သူ တစ်ယောက်ပါ။

အားလပ်ချိန်တွေ ဆို Gym လည်းဆော့တတ် သူ တစ်ယောက် ဖြစ်တာကြောင့် ယောက်ျား ပီသပြီး တောင့်တင်း ကျစ်လျစ်တဲ့ ကြွက်သား တွေကတော့ ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှု အရှိဆုံးအချက် တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုင်တံခွန် က နိုင်ငံအသီးသီး ရဲ့ မိန်းမလှလေး တွေ ဝိုင်းဝိုင်းလည် နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်း ခံနေရသူတစ်ယောက်ပါ ။

အခုဆို ရင် ပိုင်တံခွန်က နိုင်ငံများစွာ ရဲ့ ပရိသတ်တွေကို အခိုင်အမာရရှိနေ သလို သူရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေ ကြတာလည်းဖြစ်ပါတယ်။ အခုလည်း သူရဲ့ ဆွဲဆောင်မှု ရှိလွန်းတဲ့ six pack တွေပေါ်လွင်နေတဲ့ ရေချိုးခါနီး အမိုက်စားဗီဒီယို လေးကိုဖော်ပြ ထားရာ တင်ပြီးပြီး ခဏလေးအတွင်းမှာပဲ ကြည့်ရှုသူတွေများစွာရရှိခဲ့ပါတယ်။ Cele Zone ပရိသတ်ကြီးလည်း ပိုင်တံခွန် ရဲ့ ဗီဒီယိုလေး ကို ကြည့်လိုက်ရအောင်နော်။

Yuan – Cele Zone
Photo – Paing Takhon