ျပည္သူခ်စ္ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ ေအးဝတ္ရည္ေသာင္း နဲ႔ ျမင့္ျမတ္ တို႔ကေတာ့ အႏုပညာ ေလာကမွာ ေအာင္ျမင္မႈေတြ ကိုယ္စီရရွိေနၾကသူေတြ ျဖစ္ပါတယ္။ ျမင့္ျမတ္နဲ႔ ေအးဝတ္ရည္ေသာင္းတို႔ကေတာ့ အႏုပညာ လႈပ္ရွားမႈေတြ အတူတူတြဲဖက္လုပ္ကိုင္တာ နည္းပါးေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေမာင္ႏွမသဖြယ္ ခင္မင္ရင္းႏွီးၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ျမင့္ျမတ္ နဲ႔ မေအးေသာင္းတို႔ရဲ့ ရွားရွားပါးပါး အႏုပညာလႈပ္ရွားမႈေတြကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ အားေပးၾကလ်က္ရွိပါတယ္။

လတ္တေလာမွာေတာ့ ျမင့္ျမတ္နဲ႔ မေအးေသာင္းတို႔ ႏွစ္ေယာက္က ဒါရိုက္တာ ကိုေပါက္ရိုက္ကူးတဲ့ “ပုဂံေမၽွာ္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အတူတူတကြ သ႐ုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ မေအးေသာင္းက သူမရဲ့ ရိုက္ကြင္း ေပၚက အမွတ္တရ ဗီဒီယိုေလးေတြကို ရိုက္ကူးခဲ့ရာ ျမင့္ျမတ္က သူ႔ကိုယ္သူ ႏႈတ္ခမ္းနီ၊ ပါးနီေတြနဲ႔ ျမင္ေတြ႕လိုက္ရတာေၾကာင့္ အံ့ၾသတႀကီးျဖစ္ေနတာကို အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။

ျမင့္ျမတ္ကေတာ့ အစ္မႀကီး မေအးေသာင္းရဲ့ Camera Effect ကေန ႏႈတ္ခမ္းနီ ပါးနီေတြေၾကာင့္ သူ႔ကိုယ္သူၾကည့္ၿပီး သေဘာက်ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ျမင့္ျမတ္နဲ႔ ေအးဝတ္ရည္ေသာင္းတို႔ရဲ့ ရိုက္ကြင္း ေပၚက အမွတ္တရ ဗီဒီယိုေလး ကိုၾကည့္ၿပီး သေဘာက်ၾကမယ္ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aye Thaung’s fb

unicode

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်း နဲ့ မြင့်မြတ် တို့ကတော့ အနုပညာ လောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ အေးဝတ်ရည်သောင်းတို့ကတော့ အနုပညာ လှုပ်ရှားမှုတွေ အတူတူတွဲဖက်လုပ်ကိုင်တာ နည်းပါးပေမယ့် တစ်ယောက်နဲ့တစ်ယောက် မောင်နှမသဖွယ် ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ် နဲ့ မအေးသောင်းတို့ရဲ့ ရှားရှားပါးပါး အနုပညာလှုပ်ရှားမှုတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အားပေးကြလျက်ရှိပါတယ်။

လတ်တလောမှာတော့ မြင့်မြတ်နဲ့ မအေးသောင်းတို့ နှစ်ယောက်က ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတကွ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်းက သူမရဲ့ ရိုက်ကွင်း ပေါ်က အမှတ်တရ ဗီဒီယိုလေးတွေကို ရိုက်ကူးခဲ့ရာ မြင့်မြတ်က သူ့ကိုယ်သူ နှုတ်ခမ်းနီ၊ ပါးနီတွေနဲ့ မြင်တွေ့လိုက်ရတာကြောင့် အံ့သြတကြီးဖြစ်နေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

မြင့်မြတ်ကတော့ အစ်မကြီး မအေးသောင်းရဲ့ Camera Effect ကနေ နှုတ်ခမ်းနီ ပါးနီတွေကြောင့် သူ့ကိုယ်သူကြည့်ပြီး သဘောကျနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်နဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ရိုက်ကွင်း ပေါ်က အမှတ်တရ ဗီဒီယိုလေး ကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Thaung’s fb