ပရိတ်သတ်ကြီးရေ မနေ့ညက သရုပ်ဆောင် ထားထက်ထက် ရဲ့ လူမှုကွန်ယက်တွင် စိတ်မကောင်းစရာ သတင်းတစ်ခုကို ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ ဖခင်ကွယ်လွန်သွား ခဲ့တဲ့အကြောင်းကို ဝမ်းနည်းစွာဖြင့် ပြောပြ လာခဲ့တာ ဖြစ်ပါတယ်။ ထားထက်ထက်ဟာ သူမ ချစ်ရတဲ့ မိသားစုနဲ့ ခွဲခွာပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေခဲ့တာ (၄) လကျော်နေပြီ ဖြစ်ပါ တယ်။ ဖခင်ဖြစ်သူရဲ့ နောက်ဆုံး အချိန်မှာ တောင် အနားမှာအတူရှိမပေးနိုင်ခဲ့တဲ့အတွက် ဖြေမဆည်အောင် ဝမ်းနည်းနေရကြောင်းကိုလည်း အခုလို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

ထားထက်ထက် ဟာ သူမရဲ့ လုံခြုံရေး အခြေအနေကြောင့် ဖခင် ရဲ့ ကျန်းမာရေးအခြေအနေကို အခြား လူတစ်ယောက်ကနေ တစ်ဆင့် ခံပြီး ဆက်သွယ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ နှစ်ရက် လောက်က ဗိုက်နာပြီး နေမကောင်းဘူးလို့ ကြားတဲ့အတွက် အခက်အခဲတွေကြားကနေ ဖခင်ထံသို့ ဆက်သွယ် မယ်ဆိုပြီး ချိန်းထားသော်လည်း အခုလို ရုတ်တရတ် ဆုံးပါးသွားတာကြောင့် ခံစားနေရတာ ဖြစ်ပါတယ်။ တောထဲမှာ ရောက်နေတဲ့ သူမအတွက် အမြဲဂုဏ်ယူနေတဲ့ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ရင်ထဲမှာ ဗလောင်ဆူ နေအောင် ဖြစ်နေတဲ့ အကြောင်းကိုလည်း အခုလို ပြောပြ ထားပါသေးတယ်။

” သမီးက မီးမရှိ အင်တာနက်မရတဲ့ နေရာမှာ ဖြစ်နေလို့ ရတဲ့ နေရာမှာသွားသုံးရတာလေ ဒီနေ့မနက်ပိုင်း အင်တာနက် ရတဲ့နေရာ မသွားဖြစ်သေးပဲ ညနေပိုင်းမှသွားပြီး အေးဆေး video call ခေါ်မယ် စကားတွေ ပြောမလို့လုပ်နေတာလေ အဲ့ဒါကို နေ့လည်ပိုင်းမှာ ဘာလို့ ထွက်သွားရတာလဲ ဖေရယ်။ ဘာလို့ဒီနေ့မှလဲ ဘာလို့ ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်း မာမာနဲ့ ပျော်ပျော် ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ဘဲ သမီးကိုဒီတိုင်းထားခဲ့ ရတာလဲ။ ဖေဖေ့ ဘဝအကြောင်းစာအုပ်ထုတ်ချင်တယ် ပြောထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို တစ်နေ့ တစ်မျက်နှာစာရေးဖို့ အိမ်စာပေးထားတာ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။ ဖေရေးတာလဲ မပြီးသေးဘူးလေ သမီးမဖတ်ရသေးဘူးလေ။ ခရီးတူတူသွားဖို့ ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိသားစုလိုက် တူတူသွားဖို့ သမီးစီစဉ်လိုက်မယ်ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။ သွားလို့မရသေးလို့ စောင့်နေရ တာလေ ဖေရယ်။

မိသားစု ဓာတ်ပုံကောင်းကောင်း ရိုက်ချင်လို့ ဆိုင်ကို မသွားချင်ဘူးဆိုလို့ အိမ်မှာပဲ သေချာခေါ်ရိုက်မလို့ ဟာတောင် မရိုက်ရသေးဘူးလေ ဖေရယ်။ သမီးဒီနေ့ဖေနဲ့ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ ပုံကိုကြည့်ဖို့မဟုတ်ဘူးလေ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင် လို့လေ ဖေရယ်။ ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။ သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့် လက်လေး ကိုင်ခွင့်တောင် မရနိုင်ဘူး။သမီးဘယ်လိုခံစားနိုင်မှာလဲ ဖေရယ်။ ပြန်ထ လာပါဦးနော်။ သမီးပြန်လာတာကို စောင့်မယ်ဆို။ သမီးဘယ်လို မှ မဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။ သမီးရဲ့ကမ္ဘာကြီးတစ်ခုလုံးပါ။ သမီးအရမ်း အရမ်းချစ်တာ။ ဖေနေမကောင်းရင် တစ်ခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။ မခံစားနိုင်တာပါ။ အခုလေသမီးဘယ်သူ့ကို မင်းသား နေကောင်း ရဲ့ လား မင်းသားဘာတွေလုပ်နေလဲ လျှောက်သွားပြီး အလုပ်တွေလျှောက်လုပ် မနေနဲ့နော် ဆိုပြီး ဘယ်သူ့ကိုပြောရမှာလဲ ဖေရယ်။ ဖေပြန်လာပေးတာပဲလိုချင်တယ်။ သမီးမှာ စကားလေးတောင် မပြောရသေး မျက်နှာလေးတောင် မမြင်ရသေးဘူးလေ။ ဒီနေ့မှလေ ဒီနေ့မှ တွေ့မယ် ပြောမယ် လုပ်နေတာလေ။ ဒီနေ့မှလေ ဒီနေ့မှ ဖေဖေရဲ့😭😭😭 သမီးကို မထားခဲ့ပါဲနဲ့နော် 26 July 2021 (Monday)” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထားထက်ထက် ရေးထားတဲ့ စာလေးကိုဖတ်ပြီး သူမနဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြရတာဖြစ်ပါတယ်။ ထားထက်ထက်ရဲ့ ဖခင်လည်း မြင့်မြတ်တဲ့ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

CRD …..