ပရိသတ်ကြီးရေသရုပ်ဆောင် ညီထွဋ်ခေါင် ကတော့ ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားတွေ မှာ ကျရောက် ဇာတ်ရုပ်ကို အကောင်းဆုံး နဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင် ဟာ လက်ရှိ မှာတော့ အနုပညာအလုပ် တွေကို ရပ်နားထားပြီး ကွယ်လွန်သွားတဲ့ ချစ်သူအတွက် သတိရတမ်းတရင်း ကိုယ့်စိတ်ကိုကိုယ် နှစ်သိမ့် နေရတာပဲဖြစ်ပါတယ်။ သိပ်ချစ်ရတဲ့ ချစ်သူ နဲ့ ရွှေလက်တွဲပြီး အတူမနေ ရခင်မှာပဲ ချစ်သူက လူ့လောက ကြီးထဲက နှုတ်ဆက်ထွက်ခွာသွားတာမို့ ပိုလို့ကြေကွဲနေ ခဲ့ ရတာပဲဖြစ်ပါတယ်။

ဒီကနေ့မှ ာလည်း ညီထွဋ်ခေါင်က သူ့ရဲ့ဘဝထဲကနေ နှုတ်ဆက် ထွက်ခွာသွားတာ (၈) လတိတိပြည့်ခဲ့ပြီဖြစ်တဲ့ ချစ်သူအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်းကပ်ကုသိုလ် ယူခဲ့တဲ့အကြောင်းကို “ဒီနေ့ ၈ လပြည့်ပြီ။ တကယ် မရှိတော့ဘူး ဆိုတာ လက်ခံနိုင်ဖို့ ကြိုးစားရင်း…. ရည်စူး ကုသိုလ်ပြုပါတယ် မေ… လွမ်းတယ် …” ဆိုပြီး ပြောလာခဲ့ပါတယ်။

ညီထွဋ်ခေါင်ကတော့ သေကွဲကွဲခဲ့ရပြီဖြစ်တဲ့ ချစ်သူကို သတိရတမ်း တရင်းနဲ့ပဲ (၈) လတိတိ ပြည့်ခဲ့ပြီဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ညီထွဋ်ခေါင်တို့ ချစ်သူနှစ်ဦး ဒီဘဝမှာ စောစောစီးစီးနှုတ်ဆက်ခဲ့ရပေမယ့် နောင်ဘဝ ဆက်တိုင်းမှာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Nyi Htut Khaung
crd Myanmar celebrities

ZAWGYI

ပရိသတ္ႀကီးေရသ႐ုပ္ေဆာင္ ညီထြဋ္ေခါင္ ကေတာ့ ႐ုပ္ရွင္ နဲ႔ ဗီဒီယိုဇာတ္ကားေတြ မွာ က်ေရာက္ ဇာတ္႐ုပ္ကို အေကာင္းဆုံး နဲ႔ အပီျပင္ဆုံးသ႐ုပ္ေဆာင္နိုင္သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ညီထြဋ္ေခါင္ ဟာ လက္ရွိ မွာေတာ့ အႏုပညာအလုပ္ ေတြကို ရပ္နားထားၿပီး ကြယ္လြန္သြားတဲ့ ခ်စ္သူအတြက္ သတိရတမ္းတရင္း ကိုယ့္စိတ္ကိုကိုယ္ ႏွစ္သိမ့္ ေနရတာပဲျဖစ္ပါတယ္။ သိပ္ခ်စ္ရတဲ့ ခ်စ္သူ နဲ႔ ေရႊလက္တြဲၿပီး အတူမေန ရခင္မွာပဲ ခ်စ္သူက လူ႔ေလာက ႀကီးထဲက ႏႈတ္ဆက္ထြက္ခြာသြားတာမို႔ ပိုလို႔ေၾကကြဲေန ခဲ့ ရတာပဲျဖစ္ပါတယ္။

ဒီကေန႔မွ ာလည္း ညီထြဋ္ေခါင္က သူ႔ရဲ့ဘဝထဲကေန ႏႈတ္ဆက္ ထြက္ခြာသြားတာ (၈) လတိတိျပည့္ခဲ့ၿပီျဖစ္တဲ့ ခ်စ္သူအတြက္ ရည္စူးၿပီး သံဃာေတာ္ေတြကို ဆြမ္းကပ္ကုသိုလ္ ယူခဲ့တဲ့အေၾကာင္းကို “ဒီေန႔ ၈ လျပည့္ၿပီ။ တကယ္ မရွိေတာ့ဘူး ဆိုတာ လက္ခံနိုင္ဖို႔ ႀကိဳးစားရင္း…. ရည္စူး ကုသိုလ္ျပဳပါတယ္ ေမ… လြမ္းတယ္ …” ဆိုၿပီး ေျပာလာခဲ့ပါတယ္။

ညီထြဋ္ေခါင္ကေတာ့ ေသကြဲကြဲခဲ့ရၿပီျဖစ္တဲ့ ခ်စ္သူကို သတိရတမ္း တရင္းနဲ႔ပဲ (၈) လတိတိ ျပည့္ခဲ့ၿပီဆိုၿပီး ေျပာလာခဲ့တာပဲျဖစ္ပါတယ္။ ညီထြဋ္ေခါင္တို႔ ခ်စ္သူႏွစ္ဦး ဒီဘဝမွာ ေစာေစာစီးစီးႏႈတ္ဆက္ခဲ့ရေပမယ့္ ေနာင္ဘဝ ဆက္တိုင္းမွာ ေပါင္းဖက္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Nyi Htut Khaung
crd Myanmar celebrities