အလႉအတန္ းရက္ေရာၿပီး ေစတနာသဒၶါတရား အျပည့္ရွိတဲ့ ျပည္သူ ေတြကေတာ့ သူတစ္ပါးကိုကူညီဖို႔အတြက္ အျမဲတမ္း စိတ္အားထက္သန္ေနၾကတာ ျဖစ္ပါတယ္ ။ ဒီကာလမွာဆိုရင္လည္း ေစတနာရွင္ျပည္သူေတြက လမ္းေပၚမွာ ဆႏၵထုတ္ ေဖာ္ေနတဲ့သူေတြအတြက္ လိုအပ္တဲ့အစားအေသာက္၊ေဆးဝါးေတြကို လႉဒါန္းေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။ အခုလည္း လူတစ္ေယာက္က ေႂကြလြင့္ သြားၿပီျဖစ္တဲ့ သူရဲေကာင္းတစ္ဦးရဲ့အိမ္ကို ျပန္တည္ေဆာက္ေပးဖို႔ စတင္ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ရက္က မႏၲေလးၿမိဳ႕၊ စိန္ပန္းစံျပရပ္မွာ က်ဆုံးသြား တဲ့ သူရဲေကာင္းတစ္ဦးရဲ့အိမ္က သူ႔ရဲ့႐ုပ္ ကလာပ္ကို အထဲမွာထားလိုက္႐ုံတင္နဲ႔ ေနရာျပည့္သြားခဲ့တာ ျဖစ္ပါတယ္ ။ ထရံကာၿပီး သြပ္မိုးထားတဲ့ အိမ္ရဲ့ပုံရိပ္ကို ၾကည့္ကာ စိတ္မေကာင္းျဖစ္ခဲ့ရတဲ့ ျပည္သူတစ္ေယာက္ကေတာ့ ဒီအိမ္ကို အုတ္နဲ႔ျပန္ေဆာက္ေပးဖို႔ ကူညီသြားမွာ ျဖစ္ပါတယ္ ။ သူ႔အေနနဲ႔ ဒီကာလႀကီးၿပီးဆုံးသြားခဲ့ရင္ အဲ့ဒီအိမ္ အထိ အေရာက္သြားၿပီး က်န္ခဲ့တဲ့မိသားစုအတြက္ အုတ္အိမ္ေလးေဆာက္နိုင္ေလာက္တဲ့အထိ ကူနိုင္တာေလးေတြကူ ဖို႔ကတိေပးပါတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္ ။

စာနာနားလည္စိတ္နဲ႔ ကူညီေပးမယ့္ ျပည္သူတစ္ဦ းရဲ့အလႉမွာေတာ့ အားလုံးကလည္း သူတို႔တတ္ နိုင္သေလာက္ ပါဝင္လႉဒါန္းေပးေနၾကတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ဒီအိမ္ကို ကိုယ္တိုင္ကိုယ္က်သြားေရာက္ၿပီး ကူညီခ်င္တဲ့အလႉရွင္ေတြ အတြက္လည္း လမ္းညႊန္ေပးထားပါေသးတယ္။ “မႏၲေလး စိန္ပန္း စံျပရပ္ (ခ) သဲက်င္း ၄၁ လမ္း အတိုင္း အေနာက္တည့္တည့္ကို ဆင္းလာခဲ့ၿပီး ေမာင္သာေအး မန္က်ည္းေဖ်ာ္ရည္ဆိုင္ နဲ႔ မ်က္ႏွာခ်င္းဆိုင္ လမ္းကို ဆုံးတဲ့အထိသြားပါ စည္ပင္သားသတ္ဌာနဝင္း​အေဟာင္းႀကီးေတြ႕လို႔ လမ္းဆုံးသြားပါၿပီ အဲ့နားက လူေတြကို ေမာင္ေစာျပည့္နိုင္ တို႔အိမ္လို႔ ေမးရင္သိၾကပါတယ္ဗ်” ဆိုၿပီး လိပ္စာကို ေရးသားေျပာျပထားတာပဲ ျဖစ္ပါတယ္ ။ စိန္ပန္းမွာက်ဆုံးသြားတဲ့ သူရဲေကာင္းတစ္ဦး ရဲ့ေနအိမ္ကို ျပန္လည္တည္ေဆာက္ေပးမယ့္ အလႉမွာ ပရိသတ္ေတြလည္း ပါဝင္နိုင္ဖို႔အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source & Photo Credit-Thet Naung Lwin’s FB Acc

unicode

အလှူအတန် းရက်ရောပြီး စေတနာသဒ္ဓါတရား အပြည့်ရှိတဲ့ ပြည်သူ တွေကတော့ သူတစ်ပါးကိုကူညီဖို့အတွက် အမြဲတမ်း စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ် ။ ဒီကာလမှာဆိုရင်လည်း စေတနာရှင်ပြည်သူတွေက လမ်းပေါ်မှာ ဆန္ဒထုတ် ဖော်နေတဲ့သူတွေအတွက် လိုအပ်တဲ့အစားအသောက်၊ဆေးဝါးတွေကို လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း လူတစ်ယောက်က ကြွေလွင့် သွားပြီဖြစ်တဲ့ သူရဲကောင်းတစ်ဦးရဲ့အိမ်ကို ပြန်တည်ဆောက်ပေးဖို့ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်က မန္တလေးမြို့၊ စိန်ပန်းစံပြရပ်မှာ ကျဆုံးသွား တဲ့ သူရဲကောင်းတစ်ဦးရဲ့အိမ်က သူ့ရဲ့ရုပ် ကလာပ်ကို အထဲမှာထားလိုက်ရုံတင်နဲ့ နေရာပြည့်သွားခဲ့တာ ဖြစ်ပါတယ် ။ ထရံကာပြီး သွပ်မိုးထားတဲ့ အိမ်ရဲ့ပုံရိပ်ကို ကြည့်ကာ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပြည်သူတစ်ယောက်ကတော့ ဒီအိမ်ကို အုတ်နဲ့ပြန်ဆောက်ပေးဖို့ ကူညီသွားမှာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ ဒီကာလကြီးပြီးဆုံးသွားခဲ့ရင် အဲ့ဒီအိမ် အထိ အရောက်သွားပြီး ကျန်ခဲ့တဲ့မိသားစုအတွက် အုတ်အိမ်လေးဆောက်နိုင်လောက်တဲ့အထိ ကူနိုင်တာလေးတွေကူ ဖို့ကတိပေးပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ် ။

စာနာနားလည်စိတ်နဲ့ ကူညီပေးမယ့် ပြည်သူတစ်ဦ းရဲ့အလှူမှာတော့ အားလုံးကလည်း သူတို့တတ် နိုင်သလောက် ပါဝင်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီအိမ်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ကူညီချင်တဲ့အလှူရှင်တွေ အတွက်လည်း လမ်းညွှန်ပေးထားပါသေးတယ်။ “မန္တလေး စိန်ပန်း စံပြရပ် (ခ) သဲကျင်း ၄၁ လမ်း အတိုင်း အနောက်တည့်တည့်ကို ဆင်းလာခဲ့ပြီး မောင်သာအေး မန်ကျည်းဖျော်ရည်ဆိုင် နဲ့ မျက်နှာချင်းဆိုင် လမ်းကို ဆုံးတဲ့အထိသွားပါ စည်ပင်သားသတ်ဌာနဝင်း​အဟောင်းကြီးတွေ့လို့ လမ်းဆုံးသွားပါပြီ အဲ့နားက လူတွေကို မောင်စောပြည့်နိုင် တို့အိမ်လို့ မေးရင်သိကြပါတယ်ဗျ” ဆိုပြီး လိပ်စာကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ စိန်ပန်းမှာကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး ရဲ့နေအိမ်ကို ပြန်လည်တည်ဆောက်ပေးမယ့် အလှူမှာ ပရိသတ်တွေလည်း ပါဝင်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Thet Naung Lwin’s FB Acc