မင်္ဂလာပါ ပရိတ်သတ် ကြီးတို့ ရေ ရုပ်ရှင် အစည်းအရုံး ကနေ နှုတ်ထွက် သွားကြတဲ့ သူတွေ ကို ရွှေရူပါဦး ကတော့ ပြောလိုက် ပါပြီနော်။ရုပ်ရှင် ဇာတ်ကားပေါင်း(၂၀) ရိုက်ဖူးသူ ကိုမှ ရုပ်ရှင်အစည်းအရုံး ကဒ် ပေးတာ ဖြစ်လို့ ဇာတ်ကား (၂၀) မပြည့်ဘဲ အစည်းအရုံးဝင် ဖြစ်ပြီး နှုတ်ထွက်စာ တင်တဲ့ သူတွေကို တွေ့ရ‌တော့ အံဩမိ တယ်လို့ သူမ ရဲ့ လူမှုကွန်ယက် စာမျက်နှာ မှာ ရေးသား ခဲ့ပါတယ်။

“သရုပ်ဆောင် လောက ထဲဝင် မယ့် သူမို့ ရုပ်ရှင် အစည်းအရုံး ဝင် တစ်ယောက် ဖြစ် အောင် အစည်းအရုံးဝင် ကတ် သွားလျှောက် ဖူးပါတယ်။ရုပ်ရှင်ဇာတ်ကား (၂၀) ပြည့်အောင်ရိုက်ဖူး သူ ကို မှ အစည်းအရုံးဝင် ကတ် တရားဝင် ပေး ပါတယ် ဆိုတဲ့ စည်းကမ်းချက် ကြောင့် ခုချိန်ထိ အစည်းအရုံးဝင် မဖြစ်နိုင်သေးပါ။အံ့ဩတာက ဇာတ်ကား ၂၀ မပြည့်တဲ့ သူတွေက အစည်းအရုံးဝင် ကတ်တွေရထားပြီး နှုတ်ထွက် ကြတယ်ဆို လို့ပါ” လို့ သူမကရေးသား ထားတာပါ။

စကစ က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ ကို ခန့်အပ်ခဲ့ တာကြောင့် အနုပညာ လောက သားတွေကြား အငြင်းပွားတာတွေ ဖြစ်ပေါ်ခဲ့ပြီး အနုပညာရှင် တ ချို့ ရုပ်ရှင် အစည်းအရုံးမှ နှုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။အခု လောလောဆယ် တော့ အဖွဲ့ဝင် အနည်းငယ် လောက်သာ ကျန်နေတဲ့ ခန့်စည်သူ တစ်ယောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့ တကယ်ကို သိချင် မိပါတယ်။စာကို ဖတ်ရှု့ ပေးတဲ့ပရိတ်သတ် ကြီးတို့လည်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများလည်း အမြန်ဆုံးပြည့်ကြပါ စေလို့ ဆုမွန် ကောင်းတောင်း ပေး လိုက်ပါတယ်။

Credit

ZAWGYI




Credit